Saturday, May 14, 2022

သရဏဂုံ တင်ရခြင်း

သရဏဂုံ တင်ရခြင်း
============

လူတစ်ဦး တစ်ယောက်
သေပြီဆိုလျှင် မြန်မာတို့
ထုံစံအရ သရဏဂုံသုံးပါး
တင်ကြရပေသည်။

သရဏဂုံတင်သည်မှာ
သေသူကို တင်ပေးတာ
မဟုတ်ပါဘူး။

သေတဲ့သူကို သရဏဂုံ
တင်လို့ မရပါဘူး။

ဘာဖြစ်လို့ မရတာလဲ?
သေတဲ့သူမှာ ကမ္မဇရုပ်
မရှိတော့၍ ဥတုဇရုပ်သာ
ကျန်ရစ်တော့သည်။

ဥပမာ ပြောရရင်
ထင်းဆွေးကြီးလိုပါပဲ။
အသုံးမဝင်တော့ဘူး။

သေသူကို သရဏဂုံ
တင်ပေးရသည်ဟု
ယူဆလျှင် ဥတုဇရုပ်
မှန်သမျှ သရဏဂုံ
တင်လို့ရတယ်ဟု
မှတ်သားသင့်သလို
ဖြစ်တတ်ခြင်း အပြစ်
ဖြစ်လိမ့်မည်။

ဥတုဇရုပ်ဟူသည်
သစ်ပင် ချုံနွယ် ဗူး ဖရုံ
သခွား စသည်တို့ဖြစ်သည်။

ထိုကြောင့်
သရဏဂုံ တင်ခြင်းသည်
သေတဲ့သူကို ရည်စူးပြီး
ကျန်ရစ်တဲ့မိသာစုများကို
တင်ပေးရတာ ဖြစ်တယ်။

ဘာဖြစ်လို့ ကျန်ရစ်သူ
မိသားစုများကို သရဏဂုံ
တင်ပေးရတာလဲ?

ချစ်ခင်ရသူ တစ်စုံတစ်ဦး
သေဆုံးလျှင် ထမင်းမေ့
ဟင်းမေ့ ဝမ်းနည်းခံစား ရတတ်တယ်။

ထိုအချိန်မှာ ဘုရား တရား သံဃာ ရတနာသုံးပါးကို မေ့နေတတ်တယ်။

ထိုသို့ မေ့နေတတ်၍
ကျန်ရစ်သူအား သတိပေး
အသိပေးသောအားဖြင့်
သရဏဂုံတင်ရတာ ဖြစ်ပါတယ်။

ဝမ်းနည်းသက်သာဖို့အတွက် သံဝေဂ လင်္ကာ ဂါထာတွေ ရွက်ပေးတိုင်ပေးရတာဖြစ်ပါတယ်။

စာဖတ်ပရိတ်သတ်များ
အမြင်ရှင်းကြပါစေ။
ရွှင်လန်းချမ်းမြေ့ကြပါစေ။

Credit သုတရတနာ အရှင်ဇနိန္ဒ

No comments:

Post a Comment