Friday, November 1, 2019

သီတာ ရင်တွေတုန်လွန်းလို့ပါ

ဆရာတော် ဦးနန္ဒိမာသည် မြစ်ကြီးနားကနေမုံရွာ _ မန္တလေးဘက် ခရီးသွားစရာရှိ၍ကားလက်မှတ် ဖြတ်ထားခဲ့သည်။တိုက်ဆိုင်မှုကြောင့်လား မပြောတတ်ဆရာတော်ခရီးသွားတိုင်း ရှေ့ဆုံးခုံတန်း မရတတ်။
တစ်ဆယ်နောက်က ထိုင်ခုံနံပါတ်သာ ရလေ့ရှိသည်။

ဒါကိုဆရာတော်မကျေနပ်ချင်။ သံယာခုံလို့ သတ်မှတ်ထားတဲ့ရှေ့ခန်းတန်းမှာ အမျိုးသမီးငယ်ငယ်ချောချောလေးတွေ ထိုင်နေပြီးမိမိက တစ်ဆယ်နောက်မှာ ထိုင်ရလေ့ရှိတာလည်း သတိထားမိသည်သာ…လမ်းက စောင့်စီးမည်ဟု ကြိုတင်မှာကြားထားသဖြင့်ကားလာချိန်ကို စောင့်ဆိုင်းနေလိုက်သည်။

မိနစ် နှစ်ဆယ်ခန့် စောင့်လိုက်ရပြီး……ဆရာတော်စီးမည့်ကား ဆိုက်လာသည်။ အထုပ်အပိုးနှင့်စောင့်နေသည်က ဦးနန္ဒိမာ တပါးသာ။ကားစပယ်ယာက ဆရာတော်ကိုကျော်ပြီး ခရီးသည်နာမည် အော်ခေါ်လိုက်သည်က…

မုံရွာလိုက်မယ့် လမ်းကြုံခရီးသည်ခုံနံပါတ် တစ် မသီတာ ရှိလားခင်ဗျား…!!!!

မသီတာကား ထွတ်မလာ…ဦးနန္ဒိမာသာ အထုတ်ဆွဲပြီးကားပေါ်တက်လာသည်။

ဆရာတော် ဘယ်ကြွမှာလဲဘုရား…တပည့်တော်တို့ကားမှာ ခုံပိုမရှိတော့ဘူး…လမ်းကြုံခရီးသည် တင်ရမှာမို့ဘုရား…လမ်းကြုံခရီးသည် ခုံနံပါတ်တစ်မသီတာဆိုတာ ငါပဲကွ! ဟာ … ဆရာတော်က ဘာလို့မိန်းခလေးနာမည်နဲ့ ဖြတ်ထားတာလဲဘုရား…

မင်းတို့ကားတွေက ဆရာတော်နာမည်နဲ့လက်မှတ်ဖြတ်ရင် ခုံနံပါတ်တစ်မရလို့… ဒကာမနာမည်နဲ့ ဖြတ်ထားတာဟေ့…ဒီတစ်ခါတော့ ခုံနံပါတ်တစ်ကနေ စီးရပြီဟ မာတုကာမများ အရှိန်အဝါ ကြီးပါ့ကွာ…နာမည်လေး ပြောတာနဲ့ နံပါတ်တစ်ရသဟ…။

ဆရာတော်စကားကြောင့် စပယ်ယာ/ဒရိုင်ဘာများမျက်နှာ သုန်မှုန်သွားကြသည်…ဆရာတော်က ဆက်နှိပ်ကွပ်နေသေးသည်။

ကဲ……သီတာနေရာယူလို့ ပြီးပါပြီ။ မောင်းတော့ဗျား……

ခရီးသည်တွေရှေ့အနှိပ်အကွပ်ခံလိုက်ရသည်မို့စိတ်ဆိုးသွားရော့ထင့်…ဒရိုင်ဘာကဆောင့်ကြီး အောင့်ကြီးဖြင့် ကားစက်နိုးကာဇွတ်မောင်းထွတ်သည်။

ခရီးသည်များလည်း အငိုက်မိကာဟပ်ထိုးစိုက်ကုန် ကြသဖြင့်ကားကို ဘယ်လိုမောင်းတာလဲဘာညာနဲ့ ကျွတ်စီကျွတ်စီ ဖြစ်သွားချိန်ဆရာတော်ပြောလိုက်သည်က……ဖြေးဖြေးမောင်းပါ ဒရိုင်ဘာရယ်…သီတာရင်တွေတုန်လွန်းလို့ပါ…ဟူသတည်း။

Credit to original 

မေတ္တာဖြင့်ကူးယူဖော်ပြသည်…


1 comment:

  1. Did you hear there is a 12 word sentence you can communicate to your partner... that will induce intense emotions of love and impulsive appeal for you buried within his heart?

    Because hidden in these 12 words is a "secret signal" that triggers a man's impulse to love, please and protect you with his entire heart...

    12 Words That Fuel A Man's Desire Instinct

    This impulse is so built-in to a man's brain that it will drive him to try harder than before to make your relationship as strong as it can be.

    Matter of fact, triggering this powerful impulse is absolutely binding to achieving the best possible relationship with your man that the instance you send your man one of the "Secret Signals"...

    ...You will immediately find him open his heart and mind for you in a way he never expressed before and he'll distinguish you as the one and only woman in the universe who has ever truly tempted him.

    ReplyDelete