Showing posts with label My home town. Show all posts
Showing posts with label My home town. Show all posts

Thursday, February 18, 2016

တောင်ပေါ်မြို့ တော်လေး ပြင်ဦးလွင်


မေမြို့ သို့မဟုတ် ပြင်ဦးလွင် ဟုပင် လွန်ခဲ့ပါသော နှစ်ပေါင်း
(၅၀)ကျောက်အချိန်မှပင် ပြောဆိုခေါ်ဝေါ် ခဲ့ပါသော မန္တလေးတိုင်း
ပြင်ဦးလွင်မြို့သည် ခေတ်အဆက်ဆက်မှာပင် ပန်းမြို့တော်ဟု တင်စားလောက်သည်
ထိလှပ၍ ပင် အစဉ်သစ်လွင် အပန်းဖြေနားနေဖွယ်ကောင်းလှသောတောင်ပေါ်
မြို့လေးတစ်မြို့ပင်ဖြစ်လေ၏။

Wednesday, February 17, 2016

ပြင်ဦးလွင် ရထားလုံးတွေရဲ့ နေဝင်ချိန် (အေးမွန်ရာပြည်)


နေရာကား လူများ ကြက်ပျံမကျ စည်ကားနေတဲ့ ပါဆယ်နာရီစင်ကြီး တ၀ိုက်။ တောင်ပေါ်မြို့လေး တမြို့ဖြစ်တဲ့ မေမြို့ခေါ် ပြင်ဦးလွင်မြို့လယ်။ အချိန်မှန်ပြီး တိကျလှတဲ့ နာရီစင်ကြီးက နေ့ခင်း နှစ်နာရီထိုးလို့ မြည်သံနှစ်ချက် ခပ်လေးလေး ထွက်ပေါ်လာပါတယ်။

မေမြို့ (သို့) ပြင်ဦးလွင်


ရှေးအခါက ပြင်ဦးလွင်ဟူ၍ တွင်လျက် ယခုမေမြို့ဟုခေါ်ကာ ကဗျာဆန်၍နုယဉ်သော အမည်ဆောင်သည့် မြို့သည် ရာသီဥတုအေးချမ်းသာယာ၍ အထူးသဖြင့် နွေရာသီတွင် လူအများအပူရှိန်မှ လွတ်ကင်းရာ လွတ်ကင်းကြောင်း အနားယူအပန်းဖြေရာမြို့အဖြစ် နာမည်ထင်ရှားပေသည်။

Wednesday, January 27, 2016

ပြင်ဦးလွင်သမိုင်း

ပင်ဦးလွင်ကို သက္ကရာဇ် ၁၂၁၂(၁၈၅၀) ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည်ဟု သုသေသီများဆိုကြသည်။ ထိုသို့ဆိုရခြင်းမှာ အောင်မြေဘုံသာကျောက်စာအရဆိုရခြင်ဖြစ်သည်။
ယင်းကျောက်စာမှာ-
မဟာသောဘိတရာမကျောင်းတိုက် (ဈေးတောင်ကျောင်းကြီ)၀င်း အောင်မြေဘုံသာမဟာဆုတောင်းပြည့်စေ တီတော်ကြီး၏ တောင်ဘက်ခြေတော်ရင်း၌စိုက်ထူးထား၍ ကျောက်စာတိုင်နှစ်တိုင်ရှိသည့်အနက် အနောက် ဘက်ကျောက်စာဖြစ်သည်။
နှစ်မျက်နှာရေးထိုးထားပြီး ပြင်ဦးလွင် သမိုင်းအစနှင့် စပ်လျဉ်း၍ ကျောက်စာ၏ မျက်နှာဘက်ကြောင်းရေ (၁၉-၂၀)တွင်-ကောဇာဒီယ၊ထောင့်နှစ်ရာမှစွန်းထတစ်ဆယ်၊နှစ်ခုကယ်၍၊တိုင်းဝယ်ဋ္ဌာန၊ကမ္ဗောဇတွင်၊
ဒေသတစိတ်စိုးမိုးကြိတ်သည်၊ဂုဏ်ဟိတ်တောက်ထိန်၊မဟာဟု၊မနိန်စင်ဖြူ၊မောင်ခန်းဦးနှင့်မတူမယွင်း၊

ပြင်ဦးလွင်သမိုင်း (၁)



၁၇၈၇ ပြင်ဦးလွင် အမည်မပေါ်ပေါက်ခင်က ပြင်ဦး ဟူသောအမည်ဖြင့်ရွာတည်ရှိခဲ့ပြီ ဖြစ်ကြောင်း ဘိုးတော်ဘုရား၏ အမိန့်တော် တစ်ခုတွင်တွေ့ရှိရသည်...။
၁၈၅၀ ပုဂံမင်းလက်ထက် ပြင်ဦးလွင်ရွာ ဟု အမည်ပေးခဲ့သည်...။