
Paypal နဲ့ ဘစ်ကွိုင် ၀ယ်ချင်ရောင်းချင်တဲ့သူတွေ အတွက် ကျနော် Spice Pay ဆိုတဲ့ Site လေးနဲ့ ကျနော် မိတ်ဆက် ပေးပါမယ်.... ထွေထွေ ထူးထူးတော့ မဟုတ်ပါဘူး... သူ့ဆိုဒ်မှာ Exchange ဆိုတာ ပါပါတယ်..
ပြီးရင် Wallet ဆိုမျိုးလဲသုံးလို့ရနိုင်မယ်..... Merchant ဆိုတာလဲပါပါတယ်....
Merchant ကတော့ ဆိုဒ်ပိုင်ရှင်တွေအတွက်သာ Post Back အနေနဲ့ အသုံးပြုလို့ရနိုင်တာပါ... Item Invoice တွေအတွက်.... API ကို ကိုယ့်ဘာသာမရေးတက်ရင် PHP နဲ့ အခု ဆိုဒ်က အဆင်သင့် လုပ်ပြီးသား ကို Call Back URL အနေနဲ့ Setting မှာ ထည့်ပြီးတော့ မိမိ ဆိုဒ်အတွက် အသုံးပြုနိုင်မှာပါ..
ကျန်တဲ့သူကတော့ အိတ်ချိန်းအနေနဲ့သာ အသုံးပြုလို့ရနိုင်ပါတယ်....
သူ့ထဲမှာ Bitcoinကို Paypal နဲ့ဝယ်ရောင်းခွင့် ပြုလုပ်ပေးထားပါတယ်...သူပေးထားတဲ့ဈေးက အရမ်းတန်ပါတယ်.... ၀ယ်ရင်ဖြစ်ဖြစ် ရောင်းရင်ဘဲဖြစ်ဖြစ် အဆင်ပြေတဲ့ ဈေးနှုန်းပါ.....
အခုဈေး Coinbase ပေါက်ဈေး = $438 ပါ...
သူ့မှာ Paypal နဲ့ဝယ်ရင် = $442 ပါ... ၄ ဒေါ်လာသာကွာပါတယ်...ပေပယ်ကိုဂရုတွေမှာရောင်းဖို့အ၇မ်းခက်ပါတယ်.... ဈေးလဲမရပါဘူး အိတ်ချိန်းတွေမှာ ပေပယ် ကိုဝယ်တဲ့ အိပ်ချိန်းအလွန်ဘဲ နည်းပါတယ်.... အချင်းချင်းပြန်ရောင်းရင်လဲ ၁၂၀၀ ရဖို့တောင် အနိုင်နိုင်ပါ... ၀ယ်တဲ့သူရှားပါတယ်...
အခုအိပ်ချိန်းမှာ ပေပယ်ထည့်ပြီးတော့ ဘစ်ကွိုင် ပြန်ဝယ်ပြီး၇င် ဘစ်ကွိုင် ကို ၁၂၆၀ လောက်နဲ့ဘယ်မှာပြန်ရောင်းရောင်း ချက်ချင်းရောင်းထွက်ပါတယ်....
အရင်ဆုံး အကောင့်သွားဖွင့်လိုက်ပါ.... . Non Ref Link ပါခင်မျာ...ကော်မရှင်လင့်မဟုတ်ပါဘူး..
https://www.spicepay.com
ပြီးရင်တော့ New Account မှာ လိုအပ်တာတွေ ဖြည့်ပြီးတော့အကောင့်ဖွင့်လိုက်ပါ...ကျနော်တော့အကောင့်ဖွင့်တာကို မပြောပြတော့ပါဘူး...

အကောင့်ဖွင့်ပြီးပြီ ဆိုရင် Account Setting မှာ လိုအပ်တာတွေ ဖြည့်ရပါမယ်.... အကောင့်ဗယ်ရီဖိုင်းလုပ်ဖို့ လိုအပ်ပါမယ်....
User Verification မှာ Passport ID သို့မဟုတ် Driver လိုင်စင် တခုခု တင်ပေးရပါမယ်...ဓါတ်ပုံရိုက်ပြီးတော့... ပြီးရင် ဖုန်းနံပါတ် လဲထည့်ပေးရပါတယ်....
လိပ်စာတွေ ဖြည့်ပြီးတော့ လိုအပ်တာ မှန်သမျှဖြည့်ပေးလိုက်ပါ...ဗယ်ရီဖိုင်းလုပ်တာကို ဒါမှ ပေပယ် နဲ့အိပ်ချိန်း လုပ်ခွင့်ရှိမှာ.... အကောင့်ဗယ်ရီဖိုင်းကို တင်ပေးပြီးသွားရင် ၂ ၄ နာရီ စောင့်ရပါမယ်...သူတို့အီးမေး ပြန်ပို့ပါလိမ့်မယ် ဗယ်ရီဖိုင်းလုပ်တာ အောင်မြင်သွားရင်တော့...အောက်ကပုံလိုမျိုးစာပြနေပါလိမ့်မယ်

သူများပက်စပို့ ခဏ ယူပြီးတော့တင်ပေးလိုက်လဲရပါတယ်...အဆင်ပြေတာတခုခု သာတင်ပေးလိုက်ပါ...
ပြီးရင်တော့ ကျနော်တို့ Bitcoin Exchange ကိုဝယ်ပြီးတော့ BUY Bitcoin မှာစတင်ပြီးတော့ ၀ယ်ယူလို့ရပါပြီခင်မျာ....
Account Setting မှာလဲ မိမိ ငွေချေမဲ့ ပေပယ် အီးမေးကို ထည့်ပေးလိုက်ပါ...ပြီးရင်အီးမေးကနေ ကွန်ဖန်း လင့်နဲ့ ပြန်ဝင်ပေးလိုက်ပါ...

အခုလက်ရှိပေါက်ဈေးပါ... အရမ်းတန်ပါတယ် ပေပယ်ကိုတခြားနေရာကဈေးပေါပေါနဲ့သာဝယ်လို့၇ရင် ဒီမှာဘစ်ကွိုင် လာဝယ်ကြည့်ပါ... ဘယ်site မှာ ပေပယ်နဲ့ဝယ်တာလက်မခံပါဘူး...အထုတ်သာလက်ခံတာများပါတယ်...ထုတ်ရင်လဲ ဖိစ်က အနည်းဆုံး 8% လောက်ဖြတ်ခံရပါတယ်....ပြီးရင်အိတ်ချိန်းတွေ ဆိုရင်လဲ ၃၀၀ ၅၀၀ လောက်မှ ပေပယ်ကိုပေးလဲပါတယ်....
အရင်ကကျနော် ပေပယ် နဲ့ဝယ်ရင် ဖိစ်က ၂ပါစန့်လောက်သာပေးရပါတယ်...အခုတော့ ဒေါ်လာဈေးအရမ်းကျနေလို့ ဖိစ် တက်သွားပါပြီ.. 5.57% ပါစန့်ပေးရပါမယ်.....
ဘာဘဲဖြစ်ဖြစ် နည်းနည်း လောက်လဲချင်တဲ့သူ အတွက်တော့အရမ်းမသိသာပါဘူး...အခုလိုမျိုးလဲလို့ရတဲ့ Site ရှိတာဘဲ တော်တော် ရှာယူရပါတယ်....
ဒေါ်လာဈေးအရင်လောက် ပြန်တက်နေရင်တော့ ဖိစ်က လျော့ကျသွားမှာဖြစ်ပါတယ်...
ပုံမှာ၁၀ ဖိုး အတွက် ပေးချေရမှာက ၁၀.၅၈ ဒေါ်လာ ကျမှာပါ ဖိစ်ပါဝင်ပြီးတော့ ပို့ပေးရမှပါ...
Sumit Order နှိပ်ပြီးတော့အော်ဒါတင်ပေးလိုက်ပါ...
Confirm လုပ်ပေးလိုက်မယ် ၀ယ်မယ်ကြိမ်းသေကြောင်းကို...
Pay ကိုနှိပ်ပြီးတော့ Paypal ထဲဝင်ပြီးတော့ငွေ ချေပေးလိုက်ပါ..

ငွေချေပြီးသွားရင် အခုလိုမျိုးပြပါလိမ့်မယ် ကိုယ့်အော်ဒါ complete ဖြစ်သွားပြီဆိုတာကို ....ပေပယ်ကလဲငွေ ချေလိုက်တဲ့အကြောင်း အီးမေးဝင်လာပါလိမ့်မယ်....
MY Transaction မှာ အခုလိုမျိုးငွေချေပြီးတာကို Pending အနေနဲ့ပြနေပါလိမ့်မယ်....
Complete ဖြစ်အောင်ပြီးတဲ့အထိစောင့်နေလိုက်ပါ...မစောင့်ချင်လဲရပါတယ် ကိုယ့်အကောင့်လိပ်စာထဲအော်တိုဝင်နေပါလိမ့်မယ် ....ပြီးရင်တော့ ကိုယ့်ထုတ်ချင်တဲ့ဝေါလက်လိပ်စာထဲကို ပေပယ်နဲ့ဝယ်လိုက်တဲ့ ဘစ်ကွိုင်ကိုထုတ်သွားယုံပါဘဲ...
ဒါကိုကျနော်စမ်းချင်လို့ ပေပယ် ကို အိပ်ချိန်းမှာ ဘစ်ကွိုင်နဲ့အရင် အိပ်ချိန်းလုပ်ပြီးမှ ပေပယ် ကိုရပါတယ် အခုလောလော ဆယ် ပေပယ် လက်ထဲမရှိတဲ့အတွက် ကြောင့်ဖိစ်ဖြတ်ခံပြီးသာ လိုက်လိုက်ရတာပါ...အဲ့ပေပယ် ကိုဘယ်လိုဝယ်ရလဲ စခရင်ရှော့တွေ ပြနိုင်ဖို့ ဖို့အတွက်ပါ....
ပြီးရင်တော့ Send Bitcoin ကနေ ကိုယ်ဝယ်ထားတဲ့ ဘစ်ကွိုင်ကို ထုတ်လိုက်ပါ လိပ်စာထည့်ပြီးတော့..

ထုတ်ပြီးသွားရင် အီးမေးလာပါလိမ့်မယ် အီးမေးကွန်ဖန်းလုပ်ပေးလိုက်ပါ Withdraw အတွက်ကို...Confirm Link ကိုနှိပ်ပေးလိုက်ပါ...
Complete လို့တန်းပြပါလိမ့်မယ် ကိုယ့်ဝေါလက်ထဲကိုကြည့်လိုက်ပါ မိမိ ထုတ်လိုက်တဲ့ Bitcoin ရောက်နေတာကိုတွေ့ ရပါလိမ့်မယ်ခင်မျာ....
အားလုံးဘဲ အခုလောက်ဆိုရင်တော့ Paypal နဲ့ ဘစ်ကွိုင် ၀ယ်တက်မှာပါ ပုံလေးတွေ ကြည့်ပြီးတော့ တဆင့်ချင်း သာလုပ်သွားလိုက်ပါ...bitcoin ပြန်လည်ရရှိလာပြီ ဆိုရင်တော့ မြန်မာငွေနဲ့ပြန်ရောာင်းဖို့ လွယ်ကူသွားပါလိမ့်မယ်....
အားလုံးဘဲအဆင်ပြေကြပါစေလို့မျှော်လင့်မိပါတယ် အခုနည်းလမ်းလေးကို စေတနာ အပြည့်နဲ့ အလကားပေးချင်ယုံသက်သက်ပါခင်မျာ.....
Myanmar Bitcoin Guide မှ ကူးယူတင်ပြခြင်းဖြစ်ပါတယ်။
No comments:
Post a Comment