Tuesday, March 8, 2016

FACEBOOK AUTO LIKE လုပ်ပေးသည့် SITE LISTS များ

အခု Internet လိုင်းတွေက အရမ်းကိုနှေးနေပါတယ်...
File တွေ တင်ပြီး စိတ်ဝင်စားစရာ Tutorial လေးတွေ ပြပေးချင်ပေမယ့်... လိုင်းက အရမ်းစုတ်နေတော့..
ဘယ်လိုမှ မတတ်နိုင်လို့ပါ.... အခု ကျွန်တော့် ဆိုက်ထဲမှာ မှတ်စုအဖြစ်ရေးခဲ့ တဲ့ ပို့စ်လေးပြန်တင်ပေး
လိုက်ပါတယ်... ဒါကတော့ Fake ပေါ့ဗျာ.. ဗဟုသုတ အနေနဲ့ပေါ့....
မိမိရဲ့ Facebook Page ကို Autolike လုပ်ပေးမယ့် Sites တွေပဲ ဖြစ်ပါတယ်
သူ့ဆိုက်မှာ Register or Sign up လုပ်ပေးရပါမယ် သူခိုင်းတာလေးတွေ အတိုင်းလိုက်လုပ်ပေးလိုက်ရင်
သူတို့ဆိုက်ကနေ ကိုယ့် Page ကို Auto Like လုပ်ပေးပါတယ်.....
သူငယ်ချင်းတွေ ကို "ငါ့ Page ကို ကြည့်စမ်း Like တွေအများကြီးပဲ" ဆိုပြီး ကြွားလို့ရတာပေါ့ဗျာ.....


ကျွန်တော် Text File တစ်ခုနဲ့ တင်ပေးလိုက်ပါတယ် Download လုပ်လိုက်ပါ။
Download Here

ဒါနဲ့ ကျွန်တော်က Facebook နဲ့ ပတ်သက်တာတွေ မှပဲ တင်တာ လို့ ထင်ကောင်းထင်နိုင်ပါတယ်..
နောက်ပိုင်း ပိုလန်းတဲ့ ပို့စ်လေးတွေ လာပါဦးမယ်.... အခုတော့ ဒီလိုင်းနဲ့ မို့ ဒီလောက်ပဲပေါ့ဗျာ...
အားလုံးပဲအဆင်ပြေပါစေ.... www.mmithelper.com

Posted by သူရ at 12:30 AM No comments:
Email ThisBlogThis!Share to TwitterShare to FacebookShare to Pinterest
Labels: Facebook
သင့် FACEBOOK ACCOUNT ထဲက USERတွေကို BACKUP လုပ်ချင်ပါသလား



သင့် facebook account ထဲက userတွေကို backup လုပ်ချင်ပါသလား
(လုပ်ချင်တဲ့သူတွေလုပ်ရအောင်တင်ပေးလိုက်ပါတာပါ သိ၇င်ကျော်သွားလိုက်ပါခင်ဗျာ)
သင့် facebook account ထဲက ဓာတ်ပုံတွေ.. ဗွီဒီယိုတွေနဲ့ စာသားတွေကို backup လုပ်ချင်ပါသလား....
Facebook ဟာ သူ့ရဲ့ user တွေကို သူတို့ရဲ့ ဓာတ်ပုံတွေ... ဗွီဒီယိုတွေနဲ့ စာသားတွေအာလုံးကို Backup လုပ်ဖို့ ခွင့်ပြုပေးထားပါတယ်... လုပ်ဆောင်ရမယ့်အဆင့်ဆင့်ကိုလေ့လာကြည့်လိုက်ကြရအောင်...
ပထမဆုံး သင့်အကောင့်ထဲဝင်လိုက်ပါ.... ပြီးရင် အပေါ်က blue bar လေးရဲ့ ညာဘက်ထောင့်မှာရှိတဲ့ စက်သွားပုံလေးကိုနှိပ်လိုက်ပါ... အဲ့ဒီမှာ ပေါ်လာတဲ့ထဲက Account Settings ဆိုတာကို ထပ်နှိပ်ပါ...
အဲ့ဒီအခါမှာ General Account Settings ထဲကို ရောက်သွားပါလိမ့်မယ်...

၁, ၂ , ၃ ဆိုပီးတော့ နံပါတ်အစဉ်လိုက်နဲ့ ဖော်ပြပေးထားပါတယ် လိုက်လုပ်ကြည့်ပါ




အလယ်က အကွက်ထဲက Name, Username တို့ရဲ့ အောက်ဆုံးမှာ။
Download a copy of your Facebook data. ဆိုတာကိုတွေ့ရပါလိမ့်မယ်
အဲ့ဒီ Download a copy ဆိုတာလေးကို နှိပ်လိုက်ပါ...
အဲ့ဒီအခါ ပုံမှာပြထားတဲ့အတိုင်း Download Your Information ဆိုတာလေး တက်လာပါလိမ့်မယ်...



အဲ့ဒီက Start My Archive ဆိုတဲ့ ခလုတ်အစိမ်းလေးကို ထပ်နှိပ်လိုက်ပါ...
သင့်ရဲ့ password ကိုတောင်းပါလိမ့်မယ်... password ရိုက်ထည့်ပေးလိုက်ပါ


ပြီးရင် သင့်အချက်အလက်အားလုံးကို စုဆောင်းဖို့ အချိန်ယူဖို့လိုမယ့်အကြောင်း message တစ်ခုပေါ်လာပါလိမ့်မယ်...




သင့်အချက်အလက်တွေ download ချဖို့အဆင်သင့်ဖြစ်တာနဲ့ သင့်ဆီကို မေးလ်တစ်စောင်ရောက်လာပါလိမ့်မယ်





အဲ့ဒီမေးလ်ထဲက လင့်အတိုင်းသွားလိုက်ရင် သင့် personal အချက်အလက်တွေအားလုံးကို .zip file နဲ့ ချုံ့ထားပြီး အလွယ်တကူ download လုပ်ယူနိုင်ပြီဖြစ်ပါတယ်...



ကျနော်ရဲ့ Facebook ကတော့ နည်းသေးတယ် 339.57 Mb ပဲရှိပါသေးတယ်
ကဲအားလုံးပဲ လိုချင်တာလေးတွေကို backup လုပ်တက်ကြပါစေခင်ဗျာ။

1 comment:

  1. Are you looking for free Twitter Re-tweets?
    Did you know you can get them ON AUTO-PILOT AND ABSOLUTELY FREE by getting an account on You Like Hits?

    ReplyDelete