Windows 8 မှာ Zawgyi Font ကို Install လုပ်နည်းလေးကို ဒီနေ့  သူငယ်ချင်း တစ်ယောက်အတွက်လုပ်ပေး ရတာမို့  အတွေ့ အကြုံးတွေကို ပြန်မျှ ဝေပေးလိုတာကြောင့် ဒီ Postလေးကိုရေးလိုက်တာပါ (ဆင်းရဲ့တဲ့ ဘဝ မှာ Windows 8 ပါတဲ့ Laptop လေးတောင် မဝယ်နိုင် ပါခင်ဗျာ) ဒီတော့ ပထမဆုံးလုပ်ရမှာတွေက Zawgyi One ကို Download လုပ်ရမယ် ပြီးရင် Keyboard ကို Download လုပ်ရမယ် အောက်မှာ Link နှစ်ခုပေးထားပါတယ် အရင် ဒေါင်းယူပြီးInstall လုပ်လိုက်ပါ။
ကျနော်ဆိုဒ်ရဲ့ဘယ်ဘက်က Software Download နေရာကနေလည်းဒေါင်းယူလို့ ရပါတယ် ဒေါင်းယူပြီးရင် Install လုပ်ပါ Install လုပ်ပြီးတိုင်း Restart ချပေးပါ ပြီးရင် အောက်မှာလုပ်ဆောင်ပုံကို ဆက်လေ့လာပါ။ ဒီနေရာမှာ IE နဲ့  Mozilla ကိုခွဲပြီးပြပေးသွားပါမယ် Mozilla Firefox ဟာ Windows 8 အတွက် Firefox Nightly ကို Install လုပ်တာပိုသင့်တော်ပါတယ် ဒီနေရာကနေဒေါင်းယူန်ုင်ပါတယ် Download
Firefox မှာမြန်မာစာပေါ်အောင်လုပ်နည်း
ဒီအတွက် YouTube ကနေမပြောမဆိုယူလာတဲ့ Video File လေးကို သေချာလေ့လာပြီး လိုက်လုပ်ကြည့်ပါ စာဖတ်သူတွေအနေနဲ့  Zawgyi Font နဲ့  Keyboard ရှာနည်းကို လိုက် လုပ်နေစရာမလိုတော့ပါဘူး အထက်မှာ ကျနော် ပေးထားတဲ့ Download Link ကနေသွားပြီး Installလုပ်ပေးပါ လိုတဲ့ အပိုင်းလောက်ကို သာလိုက်နာ လုပ်ဆောင် ပါ ကျ နော်ဆိုဒ်ထဲ မျက်စိလည်ရောက်လာတဲ့ မိတ်ဆွေများ ကို အဆင်သင့် ကျ တော်ရှာ ပေးထားပြီးသား ပါ နောက်တစ်ခုက Download Link တွေသေနေတဲ့ ပြသနာ ကိုမဖြစ်စေချင်လို ကျနော်သိမ်းထားပေးတဲ့Google Drive ထဲကနေဒေါင်းယူရုံပါဘဲ။
ဒီ Video မှာရှင်းပြပေးထားတာတော်တော်လေးပြည့်စုံပါတယ် သို့ သော်လည်း Windows 8 စအသုံးပြု သူတွေကို အပြည့်အဝ နားလည်စေချင်တာကြောင့် ပုံလေးတွေပါထပ်ဖြည့်ထဲ့ပေးလိုက်ပါတယ် ပထမဆုံးသိသင့်တာကတော့ Control Panel ထဲကိုဘယ်လိုဝင်မယ်ဆိုတာလေးက အစ အသေးစိတ်သိစေလိုတာကြောင့် ခုလိုထပ်ဖြည့်ပေးတာပါ ဒီ Video ထဲမှာ Zawgyi Font နဲ့  Keyboardရှာတာတွေကို ကျနော်ဆိုဒ်ထဲမှာ ဒေါင်းလို့ ရအောင် လုပ်ထားပေးလို့  အဆင့်တွေကျော်ပြီးသား ဖြစ်နေတာကို့ လည်း မမေ့ကြပါနဲ့ ။ ဒီတော့ Windows 8 ကိုစဖွင့်ရင် အောက်ကပုံလေးလို စမြင်ရမှာဖြစ်ပါတယ်။
ဒီပုံရဲ့ ညာဘက် အထက်ထောင့်ကို Pointer ကိုရွှေ့ ပေးရင် အောက်ပါပုံကိုတွေ့ ရပါမယ် ဒါဟာ အလွယ်ဆုံးနည်းနဲ့  Control Panel ကိုရှာနည်းပါ Search Box မှာ Control Panel လို့ ရိုပ်ထဲ့ပြီးရှာလိုပ်ပါ

ဘာကြောင့်လဲ ဆိုတော့ Control Panel ကိုရှာနိုင်မှာ နောက်လုပ်ဆောင်စရာရှိတာတွေကို ဆက်လက်လုပ်ဆောင်နိုင်မှာဖြစ်ပါတယ် ဒီလို မရှာခြင်လို့ ရှိရင်လဲ နောက်နည်းတွေနဲ့ ရှာလို့ ရပါသေးတယ် APPS ထဲကိုတိုက်ရိုက်ဝင်နိုင်တယ်ဆိုရင်လဲ အောက်ပါပုံကဲ့သို့ မြင်ရမှာဖြစ်လို့ Control Panel ကိုရှာရတာပိုမြန်ပါတယ်။

ဒီပုံလေးထဲကလို ရှာလို့ လဲရပါတယ် Windows 8 Icon လေးအပေါ်ကနေ Right Clickနှိပ်ပြီးခေါ်ရတာဖြစ်ပါတယ် ဒါဆိုရင် အောက်ပါပုံထဲကလို Control Panel ထဲ့ရောက်ပါပြီ။ အောက်ပုံမှာInternet Explorer ထဲမှာ အသုံးပြု နည်း ပုံကို စဖေါ်ပြပေးပါမယ်။

လေးထောင်အနီရောင်နဲ့ ဘေဘာင်ခတ်ပြထားတဲ့ Language ထဲကိုဝင်ပါ အောက်ပါပုံကို ပြောင်းသွားပါမယ်။

ဒီပုံထဲမှာလဲ အာနီရောင်နဲ ဘောင်ခတ်ပြထားတဲ့ Advanced Setting ကိုကလစ်နှိပ်ပြီးဝင်ပါ။ အောက်ပါပုံကိုပြောင်းသွားပါမယ်။

ဒီပုံမှာလည်း အထက်ကနည်းတူ အနီရောင်နဲ့ ပြထားတဲ့နေရာက Drop Down Arrow လေးကို ကလစ်နှိပ်ပါပြီးရင် Zawgyi Myanmar Unicode L ဆိုတာလေးကို ရွေးပေးပါ ပြီးရင် Save လိုက်ပါ။ ဒါဆိုရင် Zawgyi Font ကို Windows 8 မှာ အသုံးပြုလို့ရပါပြီ။ ဒီနည်းက Internet Explorerမှာမြန်မာစာ ပေါ်အောင်လိုပ်ဆောင်နည်း အဆင့်ဆင့်ပါ ပြီးသွားရင် Firefox Nightlyမှာမြန်မာစာပေါ်အောင် လုပ်နည်း ကို ဆက်ပြောပြပါမယ်။ Firefox Nightly မှာ Control Panelထဲကိုလာစရာမလိုတော့ပါဘူး Video File ကိုကြည့်ရုံနဲ လုံလောက်ပါတယ် သို့ သော် လည်း ပိုနားလယ်လွယ်အောင် ပုံလေးတွေရှာပြီး ရှင်းပြပေးပါမယ် ဒီတော့ Firefox ကိုအရင်ဖွင့်ပါ သင့်ရဲ့Firefox ထဲမှာ Menu Bar ကို အရင်ဖေါ်ပါ အောက်ကပုံကိုကြည့် ပါ Firefox Browser ရဲ့ညာဘက် အပေါ်ထောင့်မှာ
ဒီလို ပုံလေး နေရာမှာ ကလစ်နှိပ်ပေးပါ
ဒီလို ပုံလေး နေရာမှာ ကလစ်နှိပ်ပေးပါ 
ပ်ါလာတဲ့ Pop up Menu လေးထဲက အောက်ဆုံးမှာ Customize ကိုကလစ်ထပ်နှိပ်ပါ နောက်ပေါ်လာတဲ့ Browser နေရာမှာ အောက်ပါပုံထဲကလို Show/Hide Toolbars နေရာမှာ အနီရောင်နဲ့ ဘောင်ခတ်ပြထားသလို Menu Bar ကိုရွေးပါ ဒါဟာပထမ အဆင့်ဖြစ်ပါတယ်။
ပီးနောက် Menu Bar ပေါ်လာပြီဆိုမှာ အဲဒီ Menu Bar ထဲမှာ Tools ကိုရှာပြီး ကလစ်နှိပ်ပြီး Optionsကိုကလစ်ထပ်နှိပ်ပါ Options Box ပေါ်လာပါမယ် Options ထဲက Content ကိုရွှေးပေးပါ အောက်ပါပုံကိုကြည့်ပါ သို့ သော်အောက်ပါပုံကဲ့သို့  Firefox Nightly မှာ မပေါ်ခဲ့ရင် လည်း လုပ်ဆောင်ချက်တွေကတော့ အတူတူ ပါဘဲ
ပုံအနေနဲ့ က ဒီလို ပုံလေး ပေါ်လာပါမယ် အစကပြန်ပြောရရင် လုပ်ဆောင်ချက် သုံးဆင့်လောက်ရှိတာပါ
(၁) Tools ထဲကိုဝင်မယ်
(၂) Options ကိုရွှေးမယ်
(၃) Options ကျလာပြီးရင် Options ထဲက Content ကိုနှိပ်ပြီးထပ်ရွှေးမယ်။ အောက်ကပုံထဲကိုကြည့်ပါ

Times New Roman ရဲ့ဘေးက Drop Down Arrow မှာကလစ်နှပ်ပါ ပြီးရင် အောက်ဆုံးနား မှာZawgyi One ကိုရွှေးပေးပြီး OK ပေးရမှာဖြစ်ပါတယ် အရေးတကြီးသတိပေးလိုတာကတော့ အထက်မှာပြပေးထားသလို Options မကျလာဘဲ စာရွက် အသစ်ပြောင်းသွားလည်း လုပ်ဆောင်ရမှာက အတူတူ ဖြစ်လို့  ကြောင်မသွားဖို့ လိုပါတယ်။
မြန်မာတို့အတွက် ဗဟုသုတ ဘလော့မှ ကူးယူပါသည်။
ကျွန်တော်ဘလော့သို့ လာရောက်လည်ပတ်သူအားလုံး
ကိုယ်စိတ်နှစ်ဖြာ ချမ်းမြသာယာရှိကြပါစေ။

No comments:
Post a Comment