Saturday, February 27, 2016

Google.com.mm မှာ Zawgyi font ရော, Unicode ပါ အဆင်ပြေပြေဖတ်နိုင်ဖို့

www.google.com.mm မှာ သုံးထားတဲ့စာသားတွေက Unicode ပါ။ အဲ့ဒီအတွက် Zawgyi ကိုပဲ အမြဲတမ်းသုံးတဲ့ကျနော်တို့အတွက် font 2 ခုလုံးပေါ်ဖို့ အခက်အခဲဖြစ်စေပါတယ်။
အခု ကျနော်ပြောမယ့်နည်းလမ်းက Zawgyi ရော Unicodeကိုပါ Font Setting မပြောင်းပဲနဲ့ အဆင်ပြေပြေဖတ်နိုင်ဖို့ပါ။
လိုအပ်တာကတော့
၁) Firefox Latest Version Download(http://www.mozilla.org/en-US/firefox/new/ )
၂) GreaseMonkey firefox add on
၎) Myanmar Font Tagger ( Grease Monkey add on)

Zawgyi ကတော့လူတိုင်းရှိပြီးသားဖြစ်လို့ထည့်မပြောတော့ပါဘူး။ အရင်ဆုံး Myanmar 3 font ကို
Download ချပီးInstall လုပ်ပါ။ ပြီးရင် Firefox ကို install လုပ်ပြီး open ပါ။ အရင်ဆုံး Font setting ကို
default အတိုင်းထားရပါမယ်။ အဲ့ဒီအတွက် Tools> Options> Content ထဲက Font setting မှာ
Default font ကို Time New Romance ထားပေးပါ။ Advance မှာ proportional ကို Serif / Serif ကို
Times New Roman ။ San-serif ကို Arial / Monospace ကို Courier New ထားပါ။
Default character encoding ကို Western (ISO-8859-1) ထားပါ။ ဟုတ်မဟုတ်အရင်စစ်ပါ။
မှန်တယ်ဆိုရင် OK နဲ့ထွက်ပါ။

Grease Monkey add on သွင်းရပါမယ် အဲ့ဒီအတွက် Firefox ရဲ့ Tools > addon ကိုသွားပါ။
Get add on ကိုရွေးပြီး Search box မှာ Grease Monkey လို့ရိုက်ပါ။
ပြီးလျှင် install လုပ်ပါ။ Firefox ကို Restart လုပ်ပါ ။

firefox တက်လာရင် ( https://userscripts.org/scripts/show/103745 ) ကိုသွားပါ။
ညာဘက်နားမှာ Install ဆိုတဲ့အစိမ်းရောင် button လေးရှိပါတယ်။အဲ့ဒါကို နှိပ်ပါ။ ခနစောင့်ပါ။
pop-up window တခုပေါ်လာပါလိမ့်မယ်။ Install ကိုနှိပ်ပါ။
MyanmarFontTagger Successfully Installed ဆိုတဲ့မျောက်ပုံလေးနဲ့စာသားလေးပေါ်လာရင်အဆင်ပြေပါပြီ။

(http://www.google.com.mm/) ကိုသွားပါ။ မြန်မာဘာသာကိုရွေးပါ။အားလုံးကိုအဆင်ပြေပြေ
မြင်ရပါလိမ့်မယ်။ Zawgyi နဲ့ တခုခုရှာကြည့်ပါ။ ဥပမာ မြန်မာ လို့ရှာကြည့်ပါ။
Zawgyi ရော unicode ပါ အားလုံးအဆင်ပြေပြေမြင်ရတာတွေ့ရပါလိမ့် မယ်။
မရရရင် Firefox ကို Restart လုပ်ကြည့်ပါ။ 


myeikthargyi ဘလော့မှ ကူးယူဖော်ပြခြင်းဖြစ်ပါတယ်။
ကျွန်တော်ဘလော့လေးသို့လာရောက်လည်ပတ်သူအားလုံး
ကိုယ်စိတ်နစ်ဖြာ ချမ်းမြသာယာရှိကြပါစေ။

No comments:

Post a Comment