Friday, February 12, 2016

မြန်မာကနေ Neobux က ငွေထုတ်မယ်

ကျွန်တော့်လို မြန်မာချစ်စိတ်နဲ့ (ခတ်တည်တည်ပဲ) မြန်မာအိုင်ပီကို သုံးပြီး Neobux အကောင့်လုပ်ထားတဲ့ ညီကိုများအတွက် သတင်းကောင်းလေးပါဗျာ။ မြန်မာကနေ အကောင့်လုပ်ထားတဲ့ ကျွန်တော့်ရဲ့ Neobux ထဲက ငွေထုတ်ဖို့ your payment ကိုနှိပ်တော့ ကျွန်တော်တို့ မြန်မာကို paypal က အရေးမလုပ်လို့ ဆိုပြီး Neobux ကလဲ ငွေထုတ်ခွင့်မပေးပါဘူး။ အဲဒီတော့ ကြံရပြီပေါ့ IP ပြောင်းပြီး ထုတ်ကြည့်ပါတယ်၊ မရပါဘူး။ ကိုနိုင်အောင်စိုးနဲ့ တိုင်ပင်ကြည့်တဲ့ အခါ ၇ရက်လောက် IP ပြောင်းသုံးနိုင်ရင်တော့ ထုတ်လို့နိုင်တယ် ဒါပေမယ့် ဟော့စပေါ့နဲ့ ပြောင်းမယ်ဆို ရင်တော့ မူရင်းနိုင်ငံကို Neobux ကသိနေပါတယ်တဲ့။အကောင့်လုပ်ကတည်းက အခြားနိုင်ငံ IP နဲ့ အကောင့်လုပ်ခဲ့တဲ့ သူတွေကတော့ မြန်မာကနေ IP ပြောင်းပြီး ငွေထုတ်လို့ရပါသတဲ့ဗျာ။ ကျွန်တော့် လို ရွှေမြန်မာ အိုင်ပီနဲ့ အကောင့်လုပ်ခဲ့တဲ့သူတွေကတော့ Neobux က ငွေထုတ်ဖို့ နိုင်ငံခြားတာင် သွားရ မယ့်ကိန်းဆိုက်နေပါတယ်။ ကျွန်တော်ကိုယ်တိုင် Connection မကောင်းတဲ့ကြားက ဖရီးဒမ်းကိုသုံးပြီး အပင်ပန်းခံ စမ်းသပ်ခဲ့တာ ခုတော့
နိုင်ငံခြားသွားစရာမလိုတော့ပါဘူး။ Neobuxက မူရင်းနိုင်ငံကို မထောက်လှမ်းနိုင်တော့ပါဘူး။ အဲဒါ ကျွန်တော့်အစွမ်း မဟုတ်ပါဘူးဗျာ ဖရီးဒမ်းရဲ့ အစွမ်းပါ။ ဖရီးဒမ်းကိုသုံးပြီး ၇ရက်လောက်ကလစ်ခဲ့ပါတယ်။ အရင်ကလို သတိရတိုင်းဖွင့်မကြည့်နိုင်တော့ပါဘူး။ အင်တာနက်လိုင်းလေး အတန်အသင့်ကောင်းတဲ့ မနက်လေးနာရီခွဲလောက်ထပြီး အိပ်ချင်မူးတူး နဲ့ ကြော်ငြာတွေကို ကလစ်ခဲ့ရပါတယ်။ တစ်နေ့မှ တကြိမ်ပဲ ဖွင့်ပါတယ်။အခု ၂ဒေါ်လာပြည့်လို့ စမ်းထုတ် ကြည့်တာ ဖရီးဒမ်းနဲ့ သုံးတာ ၇ရက်အလွန် ၈ရက်မြောက်နေ့မှာ paypal နဲ့ အောင်မြင်စွာ ငွေထုတ်လို့ ရခဲ့ပါတယ်။ ကျွန်တော်ငွေထုတ်ခဲ့တဲ့ ပုံလေး တွေ ကို အောက်မှာ တင်ထားပါတယ်။

 အောက်ပါပုံက ၅ရက်မြောက်နေ့က ရိုက်ထားတာပါ။
၇ရက်မပြည့်သေးလို့ ငွေထုတ်တာမအောင်မြင်ခဲ့ပါဘူးဗျာ။



၅ ၆ ၇ မြောက်တဲ့နေ့အထိ ဒီအဆင့်မှာတင် ရပ်သွားပါတယ်ဗျာ။ 

၈ ရက်မြောက်နေ့မှ အောက်ပါ ကျက် သရေရှိလှတဲ့ ပုံလေးကို တွေ့ရပါတယ်။

 ဒါကတော့ ကျွန်တော် paypal ထဲကို အမှန်တကယ်ငွေရောက်လာတဲ့ သက်သေလေးပါပဲ။ 


X လက်ဆောင် X 
xxxxxxxxxxxxx
 မြန်မာအိုင်ပီနဲ့ noebux အကောင့်လုပ်ခဲ့လို့ စိတ်ညစ်စရာ မလိုတော့ပါဘူး ညီကိုတို့ရေ ကယ်တင်ရှင် ဖရီးဒမ်းရှိပါတယ်။ ဖရီးဒမ်းကိုအသုံးမပြုတတ်သေးတဲ့ ညီကိုများအတွက် ဖရီးဒမ်းအသုံးပြုနည်း တင်ပေးသွားပါမယ်ဗျာ။ 
neobux အကောင့်မလုပ်ရသေးရင် IP ကြော်ပြီး အကောင့်လုပ်ထားစေချင်ပါတယ်။ IP ကျော်ပြီး အကောင့်လုပ်ထားတဲ့သူတွေက မြန်မာအိုင်ပီနဲ့ ကလစ်ပြီး ငွေထုတ်ချင်တော့မှ IPကျော်ပြီး ငွေထုတ်ရင် ၇ရက်ပြည့်အောင်စောင့်စရာမလိုပဲ လွယ်လွယ်ထုတ်ယူလို့ ရတယ်လို့ ကြားသိထားရပါတယ်။

Copy the BEST Traders and Make Money : http://bit.ly/fxzulu

No comments:

Post a Comment