Friday, February 12, 2016

Beginner Guide

အွန်လိုင်းကနေ ငွေရှာ လိုတဲ့ သူများကို moneymakemyanmar မှ ကြိုဆိုပါတယ်။ပထမဆုံး သင့်အနေနဲ့ အွန်လိုင်းမှာ ငွေမရှာခင်အောက်ပါ အချက်အလက်များကို လေ့လာဖို့ လိုပါတယ်တကယ်တော့ အွန်လိုင်းမှာ ငွေရှာတဲ့ အလုပ်ဟာ မြန်မာနိုင်ငံ မှာ သိပ်မတွင်ကျယ် သေးပေမဲ့ တခြားနိုင်ငံ တွေ မှာ တော့ Home Base Income Jobs အဖြစ်တောင် တင်စားပြီး ခေါ်ဝေါ်နေကြတဲ့ လုပ်ငန်းတခုပါ.....

သင်အနေနဲ့ ဒီအလုပ်ကို စိတ်ဝင်စားလို့လုပ်ဆောင်ချင်တယ် ဆိုရင် ဘာတွေ လိုအပ်မလဲ ဆိုတာ အရင်ဆုံးသိသင့်ပါတယ်. ....

ပထမ ဆုံးအနေနဲ့ သင့်မှာ အင်တာနက်အသုံးပြုနိုင်တဲ့ computer ( သို့ ) Laptop တလုံးရှိရပါမယ်.
ဒုတိယ အနေနဲ့ သင်ဟာ အင်္ဂလိပ် စာကို အကောင်းဆုံးမဟုတ်တောင် အနည်းအကျဉ်းလောက် ကျွမ်းကျင်ရပါမယ်.ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့အခု အလုပ်လုပ်မဲ့ ၀က်(ဘ်)ဆိုဒ်တွေ ဟာ အင်္ဂလိပ်လိုပဲ ရေးထားတာ ဖြစ်တဲ့အတွက် သင်ဟာ အဲ့တာကို နားမလည် ရင် အဆင်ပြေမှာ မဟုတ်ပါဘူး.

အထက်ပါ အချက် ၂ ခု နဲ့ ပြည့်စုံပြီဆိုရင်တော့ သင်ဟာ ဒီလုပ်ငန်းကို စတင်ဖို့ ၅၀ ရာခိုင်နှုန်းလောက်အဆင်ပြေသွားပါပြီ.ဆက်လက်ပြီး ဘာဆက်လုပ်ရမလဲ ဆိုတော့မေးလ်အကောင့်သစ်တခု ဖွင့်ပါ. သင်မှာ လက်ရှိသုံးနေတဲ့မေးလ် ရှိလည်း အသစ်ထပ်ဖွင့်ဖို့ အကြံပေးပါရစေ. ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ အခု လုပ်မဲ့ အလုပ်ကို မိမိရဲ့ ကိုယ်ရေးကိုယ်တာ များနဲ့ မရောထွေးအောင် သေသေချာချာ ထိန်းသိမ်းလို့လွယ်ကူအောင်ဖြစ်ပါတယ်. ကျွန်တော်တို့ အခု လုပ်မဲ့ အွန်လိုင်းငွေရှာတဲ့ အကြောင်းအရာမှန်သမျှကို အခု အသစ်ဖွင့်မဲ့ မေးလ် အကောင့်မှာ ပဲ ဆက်လက်လုပ်ဆောင်သွားမှာပါ

ဒါဆိုရင် သင့်အနေနဲ့ ဆက်လက်လေ့လာရမဲ့ အပိုင်းကတော့
Basic Guides For Online Bank Account
Paypal
Payza
Egopay
PerfectMoney
Changing OBA Virtual Money to Real Money ( Credit card )
Changing OBA Virtual Money to Real Money ( Westeren Union )
Beginner Guides For PTC and GPT
How to do Paid To Sign Up ( Advanced Guides )
Grid Winning Secrect
What is RR ( Rented Referral ) and how to manage it ( Basic )?
RR management ( Advance Guide )
What is Traffic Exchange?
How to Make Money with Traffic Exchange?

တို့ပဲဖြစ်ပါတယ်။


Online Bank Account အွန်လိုင်းဘဏ်အကောင့် (OBA )




အခု ကျွန်တော်တို့ အွန်လိုင်းမှာ ရှာလို့ရလာတဲ့ငွေများဟာ ကိုင်တွယ်ထိတွေ့လို့မရတဲ့ငွေ ( Virtual Currency ) လို့ခေါ်ပါတယ်. အဲ့လို ငွေကို လက်ခံဖို့က အွန်လိုင်းဘဏ်အကောင့် ( Online Bank Account - OBA ) တွေလိုပါတယ်. OBA ကနေတဆင့် ကျွန်တော်တို့က Virtual Currency တွေလက်ခံပြီး တကယ့်ငွေသားအဖြစ်ကို ပြန်လည်ပြောင်းလဲပြစ်ရမှာပါ.ဒီတော့ ကျွန်တော်တို့ က အွန်လိုင်းငွေရှာတဲ့ ဆိုဒ်တွေမှာ အသုံးများဆုံးဖြစ်တဲ့ OBA တွေကို သိထားဖို့လိုပါတယ်.အဲ့တာတွေကတော့



Paypal
Payza
Egopay
PerfectMoney
OKpay
SolidTrustPay
Neteller

တို့ပဲ ဖြစ်ပါတယ်. ဒါပေမဲ့ ကျွန်တော် တို့က အဲ့ဒီခုနှစ်ခု စလုံးကို မသုံးပါဘူး. တကယ်တမ်းအသုံးပြုမှာက လေးခု ပဲဖြစ်ပါတယ်။


Paypalအွန်လိုင်းငွေရှာတဲ့ ဆိုဒ်တွေမှာ အသုံးအများဆုံး OBA ဖြစ်ပါတယ်. သို့သော်လည်း သင်ဟာ တခြားနိုင်ငံမှာ နေထိုင်တဲ့သူဆိုရင် Paypal သုံးရတာ ပြသနာမရှိပေမဲ့ မြန်မာနိုင်ငံမှာ ဆိုရင်တော့ Paypal ကလက်ခံတဲ့ နိုင်ငံမဟုတ်တဲ့ အတွက် အကောင့်ဖွင့်လိုမရပါဘူး.သို့သော်လည်း စမ်းသပ်ပြီး မြန်မာနိုင်ငံရဲ့ IP နဲ့ တိုက်ရိုက်သုံးလို့ ရတဲ့ Paypal အကောင့်ဖွင့်နည်းတခုရှိပါတယ်. ဒါကြောင့်သင်ဟာ Paypal အကောင့်တခု ကို အခက်အခဲမရှိပဲဖွင့်လိုရပြီ. သင် အကောင့် ဖွင့်လိုက်ပြီဆိုရင် ရလာတဲ့ Paypal အကောင့်ဟာ Unverify Paypal account ပဲဖြစ်ပါတယ်. Unverify Paypal account အကောင့်ဟာ ငွေလက်ခံ ငွေပို့လို့ ရပေမဲ့ အကန့်အသတ်ရှိပါတယ်. ဒါ့အပြင် အွန်လိုင်းငွေရှာတဲ့ ဆိုဒ်တော်တော်များက Unverify Paypal account ကို လက်မခံကြပါဘူး. ဒါကြောင့် ကျွန်တော်တို့က Verified Paypal account တခုဖြစ်သွားအောင် ဆက်လက် လုပ်ဆောင်ရပါမယ်။
အားနည်းချက်




သို့သော်လည်း သင်မဖြစ်မနေသိထားသင့်တဲ့ အချက် အလက်တွေ ရှိပါသေးတယ်. Paypal ဟာ Security ပိုင်းအလွန်ကောင်းမွန် ပြီး policy အရမ်းတင်းကြပ်တာကြောင့် သင်ရဲ့ Paypal အကောင့်ဟာ တချိန်မဟုတ်တချိန် Limited ဖြစ်သွားနိုင်ပါတယ်. Limited ဖြစ်သွားတယ်ဆိုတဲ့ သဘောတရားက Paypal က ကျွန်တော်တို့ရဲ့ အကောင့်ကို စစ်ဆေးတဲ့သဘောပါ. စစ်ဆေးနေတဲ့ အချိန်မှာကျွန်တော်တို့က အကောင့်ထဲကို ငွေလက်ခံလို့ မရသလို တယောက်နဲ့ တယောက်လဲ ငွေပို့လို့မရပါဘူး. အဲ့လို စစ်ဆေးတဲ့ နေရာမှာ ကျွန်တော်တို့ဆီက Passport , Driving License , Utility Bill , Credit Card Statement တို့တောင်းပါတယ်. အဲ့ဒီ အခါမှာ ကျွန်တော်တို့က တရားဝင်အသုံးပြုတာ မဟုတ်တာကြောင့် သူတို့တောင်းတဲ့ ဟာကို မပေးနိုင်ပါဘူး. ဒါဆိုရင်တော့ သင့်ရဲ့ Paypal အကောင့်ဟာ လုံးဝ Limited ဖြစ်သွားမှာပါ. အဲ့လို ဖြစ်သွားပြီဆိုရင်တော့ သင့်ရဲ့ Paypal အကောင့်ထဲမှာ ငွေရှိသေးတယ် ဆိုရင် လုံးဝ limited ဖြစ်သွားတဲ့ ရက် ကစပြီး နောက်ထပ် ရက်ပေါင်း 180 ထပ်စောင့်ရပါမယ်. ရက်ပြည့်တော့မှ Paypal ကနေသင့်ရဲ့ မေးလ်ထဲကို ငွေပြန်လည် ထုတ်ယူလို့ရပြီ ဆိုတဲ့ အကြောင်းကို အသိပေးမှာဖြစ်ပါတယ်. ဒါဆိုရင်တော့ သင်က Customer Service နဲ့ ဆက်သွယ်ပြီး ဘယ်လို နည်းလမ်းနဲ့ ငွေကို ပြန်လည်ထုတ်ယူမလဲဆိုတာ အသိပေးရပါမယ်။


အားသာချက်




သင်ဟာ မြန်မာ နိုင်ငံမှာ မဟုတ်ပဲ တခြားနိုင်ငံ သွားရောက်နေထိုင်တဲ့ သူပဲဖြစ်ဖြစ် ၊ ဒါမှ မဟုတ် အလုပ်လုပ်နေတဲ့ သူပဲ ဖြစ်ဖြစ်... အဲ့ဒါဆိုရင်တော့ Paypal allowed countries ထဲမှာ ပါတယ် ဆိုရင်တော့ Paypal ကို အသုံးပြုရတာ ပို အဆင်ပြေပါတယ်. ဘာဖြစ်လို့လဲ ဆိုတော့ တကယ်လို့ အကောင့် limit ဖြစ်ခဲ့လို ရှိရင်သင်ဟာ ပြန်လည် ဖြေရှင်းပြီး Limit ကို remove လုပ်နိုင်လို့ပါ. နောက်ပြီး တရားဝင် သုံးတာ ဖြစ်တဲ့ အတွက် အဲ့ဒီ နိုင်ငံရဲ့ ဘဏ်အကောင့်တခုခုနဲ့ ချိတ်ဆက်ပြီး သုံးရင် မိမိရဲ့ Paypal အကောင့်ထဲက ငွေကို မိမိရဲ့ ဘဏ်အကောင့် ထဲသို့ တိုက်ရိုက်ထုတ်လို့ရပါတယ်.




ဒါဆိုရင်တော့ သင်ဟာ Paypal အကြောင်းကို အတန် အသင့်နားလည်ပြီထင်ပါတယ်.


ခုငွေရှာတဲ့ ဆိုဒ်တွေမှာ Paypal မဖြစ်မနေသုံးရမှာပါ... အဲဒီအတွက်ကတော့ Paypal အသုံးပြုနည်းမှာ ဖတ်မှတ်လေ့လာလို့ရပါတယ်....

ခုပြောတဲ့အကြောင်း အနည်းအကျဉ်းသိပြီဆိုရင်
ကဲအွန်လိုင်းမှာ ဘယ်လိုငွေရှာကြမလဲ .......... ဒီမှာ စတင်ပြီး လေ့လာလို့ရပါပြီ။PTC ( Paid To Click ) Online တွင်ငွေရှာသည့် Website များအကြောင်း




PTC ( Paid To Click ) ဆိုသည့် အင်တာနက်ငွေရှာလုပ်ငန်းသည် လျင်မြန်စွာဖြင့် ငွေရရှိသော အလုပ်များမဟုတ်ပါ။




မိမိတစ်နေ့အင်တာနက်အသုံးပြုသည့်အချိန်များထဲမှ 45 မိနစ်ခန့်ကိုရင်းပြီိး အလုပ်လုပ်ရတဲ့ ကြော်ငြာကြည့်ငွေရှာလုပ်ငန်း တစ်ခုသာဖြစ်ပါတယ်။ ဒါပေမယ့် ဘာလို့ ဒီလုပ်ငန်းတွေခေတ်စားနေသလဲ .. ဘယ်လိုလူမျိုးက PTC ကိုအထင်သေးတဲ့စကား ပြောရသလဲဆိုတာ.. အောက်က အကြောင်းအရာတွေကိုဆက်ဖတ်ကြည့်ရအောင်...




PTC ဟာကရိကထမများတဲ့ သမ္မာအာဇီဝအလုပ်ဖြစ်ပါတယ် ... ဒါကြောင့်သမ္မာအာဇီဝဖြစ်တဲ့ PTCလုပ်တာဟာ အသုံးမကျဘူး ဂုဏ်ငယ်တယ်လို့ပြောတဲ့သူဟာ ဘယ်လိုအတန်းအစားဖြစ်မလဲ ... ??? PTCကိုသိလျက်နှင့်မလုပ်တာ အချက်၂ချက်ပဲရှိနိုင်မယ် ...

၁ ။ စိတ်မဝင်စားလို့ ( ဒီလူမျိုးကတော့ရှင်းပါတယ် ... စိတ်မဝင်စားတဲ့အရာကို အချိန်လုံးဝမပေးနိုင်ဘူး ... ဘယ်လောက်ရရ ဘယ်လောက်ကောင်းကောင်း စိတ်မဝင်စားဘူး ) သူ့ကိုတော့ အပြစ်ပြောစရာမရှိပါ ...




၂ ။ သဘောတရားနားမလည်လို့ ... ( သဘောတရားနားမလည်တဲ့အခါ အမြတ်နည်းပါးတယ် .. ဇွဲကလည်းမရှိပြန်ဆိုတော့ မူးစုပဲစုဒီအလုပ်ကို ပျင်းလာတယ် . အဲဒီတော့ ခါးပြတ်သွားတာပေါ့ .. သွားပုပ်လေလွင့်ပြောတဲ့သူတွေဟာ ဒီအမျိုးအစားမှာ ပါဝင်ပါတယ်) ( မြန်မာနိုင်ငံမှာ ဒီလုပ်ငန်းကို စိတ်ဝင်စားလို့ လိုက်လုပ်တဲ့ ဦးနှောက်မရှိ အစွမ်းအစမရှိ Fan Page မှာ မန်ဘာဝင် တစ်သောင်းကျော်ပိုင်ဆိုင်ထားတဲ့ $ သုံးမကျတဲ့ နည်းပညာရှင်ကြီးတစ်ယောက်ရှိတယ်..သူကိုယ်တိုင်လဲ လုပ်တယ် လူအများကိုလဲ လုပ်ဖို့တိုက်တွန်းတယ်..သူတိုက်တွန်းခံရတဲ့သူတော်တော်များများအဆင်ပြေနေချိန်မှာ သူက သူ့ဘာသာ အသုံးမကျဘဲ မလုပ်ကြပါနဲ့ မကောင်းပါဘူးဆိုပြီး PTC လုပ်ကိုင်နေသူ ၊ သူထက်အရင် PTC မိတ်ဆက်သူတွေကို စော်ကားတဲ့စကားတွေပြောခဲ့တယ်..သူ့ကိုတော့မြန်မာမှာအရင်ဆုံး ဂရင်းနစ်စံချိန်

ပေးလိုက်ပါတယ်.. $ ဖောင်းထုမှုနဲ့ပါ အဟတ် .... ;)




ယနေ့ခေတ်ဟာ အင်တာနက်ခေတ်ဖြစ်ပါတယ် ... ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ အိုးမကွာအိမ်မကွာဖြစ်တဲ့ Home based jobs တွေခေတ်စားတာ ကြာနေပါပြီ ... လွတ်လပ်တယ် ၊ နေရာမရွေး အချိန်မရွေးလုပ်နိုင်တယ် ၊ အလုပ်ရှင် အလုပ်သမားပြဿနာနည်းပါးတယ် ... Home based jobs အမျိုးမျိုးရှိပါတယ် ... skillsကိုအခြေခံတဲ့အလုပ် ၊ Marketingအခြေခံအလုပ် ၊ Gamerတွေအတွက်အလုပ် ၊ ကုန်ကုန်ပြောရင် web cam ကနေ pornသရုပ်ဆောင်ပြီး ငွေရှာတောင်ရတယ် ... ရှင်းရော .ဘာပဲလုပ်လုပ် ကိုယ့်လုပ်ငန်းလူသိများမှ အောင်မြင်မှာပါ ... အဲဒီတော့ Advertising ဆိုတဲ့ ကြော်ငြာလုပ်ငန်းဟာ အလွန်အရေးပါတဲ့ အခန်းမှာရှိပါတယ် ... ဒါကြောင့် ကြော်ငြာလုပ်ငန်းဖြစ်တဲ့ PTCဟာလည်း အင်မတန်ရေပန်းစားတဲ့လုပ်ငန်းတစ်ခုပါ ...




PTC ဆိုတာဘာလဲ ...???

PTCဆိုတာ (paid to click) အွန်လိုင်းကြော်ငြာလုပ်ငန်းပါ ... အင်တာနက်မှာ Freeကြော်ငြာလို့ရတဲ့နေရာရှိတယ် .. ပိုက်ဆံပေးကြော်ငြာရတဲ့နေရာရှိတယ် ... PTCမှာတော့ ပိုက်ဆံပေးကြော်ငြာရတယ် ... ကြော်ငြာကြည့်သူတွေကို ကုမ္ပဏီကအထိုက်အလျောက်ပြန်ပေးတယ် ... သူ့ဆိုဒ်မှာကြည့်နေပေမယ့် သူ့အလုပ်သမားမဟုတ်ပါဘူး ... ကိုယ့်အချိန် ကိုယ့်ဝင်ငွေ ကိုယ့်ရည်မှန်းချက်ကို ကိုယ်တိုင်ပုံဖော်နေတာ ... ကိုယ်ဘယ်အထိသွားမလဲ ... တရက်၂ဒေါ်လာ (သို့) ဒေါ်လာ၂၀ .. ကိုယ့်စိတ်ကြိုက်ပဲ .. ဆက်သွားမလား ရပ်ထားမလား .. ကိုယ့်သဘောပဲ .. အဲဒီတော့ ကိုယ်တွေကလုပ်ငန်းရှင်ဗျာ ... ကြိုက်ကြိုက် မကြိုက်ကြိုက် တပြားမှမလျော့ဘူး ...




PTC site အမျိုးအစားများ

Bux sites

Bux site ဆိုတာကတော့ ကြော်ငြာကြည့်နှုန်းအပေးများတယ် ၊ Guaranteed adsတွေရှိမယ် ၊ RRတွေငှားရမ်းလို့ရမယ် ၊ ကြေးမြင့်တဲ့ member upgradeတွေရှိမယ် ... Guaranteed ads တွေပေးတဲ့အတွက် ကြော်ငြာသူမရှိရင် သူတို့ရဲ့ self ads တွေနှင့်လည်ပတ်ရပါတယ် ... ဒါကြောင့် clickerတွေအနေနှင့် ဝင်ငွေများများရနိုင်သလို ... ဆိုဒ်ပိုင်ရှင်အနေနှင့်တော့ စီးပွားရေးကျရှုံးမှုအလွန်များတဲ့ဆိုဒ်အမျိုးအစားပါ ... Neobux , probux , the-bux စတဲ့ဆိုဒ်တွေဟာ Bux site တွေပဲဖြစ်ပါတယ် ...




Aurora sites

Aurora sites တွေကတော့ ငွေပေးနှုန်းနည်းပါးတယ် RRဝယ်လို့မရဘူး .. ဒါကြောင့်သူတို့ဟာ ကြာရှည်ရပ်တည်နိုင်တဲ့ ptc site အမျိုးအစားဖြစ်ပါတယ် ... ငွေရှာနည်းအများအပြားပေးထားတယ် ဥပမာ -

• Paid To Read (PTR) ads: ဒါက ptcကြော်ငြာကြည့်သလိုပါပဲ

• Paid To Sign-up (PTSU): ဒါက Sign-up လုပ်ပြီးငွေရှာတာပါ

• Paid To Promote (PTP): သူ့ရဲ့ကြော်ငြာpage ကိုတခြားwebမှာ ပြပေး ၊ ကြော်ငြာပေးရင် သူကငွေပြန်ပေးပါတယ် ... Traffic Exchange နှင့်တွဲပြီးလုပ်ရပါတယ် ...

• Traffic Exchange (TE): ဒါကတော့ surfingလုပ်တာပါ ... သူ့သဘောကတော့ ငါမင်းကြော်ငြာကြည့်မယ် မင်းလည်းငါ့ကြော်ငြာကြည့် ဆိုတဲ့သဘောပါပဲ ... သူ့ကြော်ငြာကြည့်လို့ရလာတဲ့ creditကို ကိုယ့်ကြော်ငြာအတွက် ပြန်သုံးရတာပါ ... cashnhits / incentria / clicksia / donkeymails စတဲ့ဆိုဒ်တွေဟာ aurora site အမျိုးအစားတွေပါ ...




Mini-PTC

ဒီအမျိုးအစားကတော့ Bux နှင့် Aurora ပေါင်းထားတဲ့ပုံစံပါ ... RRငှားလို့ရမယ် RR/DR limit ကိုအနည်းငယ်သာပေးထားမယ် ဈေးမြင့်တဲ့ member upgradeရှိမယ် ... cashout limitများမယ် ... ကြော်ငြာကြည့်ခ အပေးနည်းမယ် ... ဒါကြောင့်သူလည်း Bux sites တွေထက်တော့ ကြာရှည်ရပ်တည်နိုင်ပါတယ် ...




PTC site လို့ ခေါ်နိုင်တဲ့အမျိုးအစား

အခြေခံအားဖြင့် ဒီဆိုဒ်တွေမှာ RRမရှိပါဘူး ... Advertiser နှင့် Clicker တွေကြားမှာ ဆိုဒ်ကအမြတ်ခွဲယူတဲ့သဘောပါ ... လူစစ်စစ်တွေပဲ ကလစ်တာဖြစ်တဲ့အတွက် ကြော်ငြာရှင်တွေက ဒီဆိုဒ်မျိုးကို ပိုပြီးနှစ်သက်ကြပါတယ် ... Clixsense / Clickfair / Hitzza စတဲ့ဆိုဒ်တွေဟာ ... ကြော်ငြာရှင်ကြိုက် ptcစစ်စစ်တွေပါ ...




PTC ဆိုဒ်ပိုင်ရှင်တွေရဲ့ရည်ရွယ်ချက်ကဘာလဲ ...

(မနေ့က မန်ဘာတစ်ယောက်ဒီမေးခွန်းကိုမေးထားလို့ပါ ) ဘာကိုဦးတည်တဲ့မေးခွန်းလည်းမသိပါ ... PTC ဆိုတာကြော်ငြာလုပ်ငန်း . စီးပွားရေးလုပ်ငန်းဖြစ်ပါတယ် ... အဲဒီတော့ PTC site ထောင်တယ်ဆိုတာ အလှူပေးဖို့မဟုတ်ပါဘူး ... စီးပွားရေးလုပ်ဖို့ အမြတ်ရဖို့ပါ ... Advertiser နှင့် Clickerကြားမှာ အမြတ်ကျန်အောင်လုပ်ဖို့က သူ့ရဲ့အဓိကရည်ရွယ်ချက်ဖြစ်ပါတယ် ...




Scamလုပ်ရခြင်းအကြောင်း...

Scamလုပ်ရခြင်းအကြောင်း အများအပြားရှိပါတယ် ... အကြမ်းအားဖြင့် -

၁ ။ ပိုင်ရှင်ဟာ မန်ဘာတွေကိုမပေးတော့ဘဲ ငွေထုပ်ပိုက်ပြီးလစ်သွားတယ် (လိမ်ဖို့သက်သက် ဆိုဒ်ထောင်ခြင်း)

၂ ။ ပိုင်ရှင် (သို့) အက်ဒမင်များဟာ ဆိုဒ်အတွက်အချိန်မပေးနိုင်ဘူး .. ကောင်းစွာစီမံခန့်ခွဲမှုမလုပ်နိုင်ဘူး .. အဲဒါကြောင့် scam လုပ်လိုက်ရတယ် (ဇယားမနိုင် ၊ အချိန်မရှိ ၊ စီမံခန့်ခွဲမှုညံ့ဖျင်း)

၃ ။ paypal limit လုပ်ခြင်း ။ တချို့ပိုင်ရှင်တွေက ဆိုဒ်ထောင်ပေမယ့် paypalကို free account သာသုံးပါတယ် ... scamဖြစ်လောက်စရာအကြောင်း မဟုတ်ပေမယ့် ... ကသောင်းကနင်းဖြစ် ၊ ယုံကြည်မှုမဲ့ပြီး scamဖြစ်သွားတာမျိုးလည်းရှိတတ်ပါတယ် ...

၎ ။ ကြော်ငြာနည်း၍ clickerများပြားခြင်း ။ ဝင်ငွေထွက်ငွေမမျှတာပါပဲ ။ အဲဒီအခါမှာ scamဖြစ်သွားပါတယ် ...

အချက်တွေကတော့ အများကြီးပါပဲ ... တကယ်တမ်းတော့ scam site ၂မျိုးပဲရှိပါတယ် ...

၁ ။ လိမ်ဖို့ရည်ရွယ်ချက်ဖြင့် scam site ထောင်ခြင်း

၂ ။ စီးပွားရေးကျရှုံးပြီး scam site ဖြစ်သွားခြင်း ... ဒါပါပဲ ...

ဒီလောက်များပြားတဲ့ scam site တွေကြားမှာ ဆိုဒ်ကောင်းတစ်ခုကို ဘယ်လိုရွေးချက်မလဲဆိုတာတော့ ကံသေကံမပြောလို့မရပါဘူး ...

ဆိုဒ်တွေကိုစစ်ဆေးဖို့အတွက်

၁ ။ http://www.ptc-investigation.com/default.aspx ... သူကတော့ ကိုယ်တိုင်စမ်းသပ်ပြီး informationဝေတာပါ .. ဒီဆိုဒ်ကို ၇၀%ဦးစားပေးသုံးပါတယ် ... သတိထားဖို့က Not Recommended လောက်တွေ့ရုံနှင့် scamလို့ပြောမရပါဘူး ... သူပြောတဲ့အချက်အားလုံးကို သေသေချာချာဖတ်ဖို့လိုပါတယ် .. Legit site တစ်ခုဟာ အချိန်မရွေး Ongoing ထဲရောက်သွားနိုင်သလို .. Ongoingတွေလည်း not recommended ဖြစ်သွားနိုင်ပါတယ် ... လူ့အလို နတ်မလိုက်နိုင်ဆိုတာရှိတယ် ... ဘယ်လောက်ကောင်းတဲ့ဆိုဒ်ဖြစ်ဖြစ် မကောင်းပြောတဲ့သူ အဆင်မပြေသူတွေကတော့ တွေ့နေရမှာပါပဲ ... အဲဒီတော့ကိုယ်တိုင်ပဲချင့်ချိန်ပေါ့ ...

၂ ။ http://www.scamadviser.com/ ... သူက owner information , Alexa rank , traffic , user feedback .. စတာတွေကိုအခြေခံပြီး adviseပေးတာပါ ... သူအခြေခံတဲ့အရာတွေကိုကြည့်ပြီး scamဟုတ် မဟုတ် စစ်ဆေးတာအံဝင်ဂွင်ကျမှုသိပ်မရှိပါ ... ဒါကြောင့် ဒီဆိုဒ်ကို ၂၀%လောက်ပဲသုံးပါတယ်

*အကောင်းဆုံးကတော့ forumတွေကို crossingလိုက်ဖတ်ပါ ... ၁ဆိုဒ်အကြောင်းကို ၂နှင့်၃မှာရှာဖတ်မယ် .. ၂အကြောင်းကို ၁နှင့်၃မှာဖတ်မယ် .. အဲလိုမျိုးပါ *

နောက်ထပ်စစ်ဆေးနိုင်မယ့် ဆိုဒ်တချို့ကတော့ -

http://www.emoneyspace.com/index.php

http://ptccentral.com/

http://website.informer.com/

http://www.alexa.com/

ဒါတွေကို ခင်ဗျားတို့ဥာဏ်ရှိသလို အသုံးချလို့ရပါတယ် ... PTC မိသားစုတွေ ကျန်းမာရွှင်လန်းပါစေ ...




PTC ( အွန်လိုင်းငွေပင်စိုက်သူများ Groups https://www.facebook.com/groups/468564163238943/ )




မေးမြန်းလိုသည်များ ကို မေးပို့မေးမြန်းနိုင်ပါသည် ... moneymakermyanmar@gmail.com

1 comment:

  1. Quantum Binary Signals

    Professional trading signals sent to your cell phone every day.

    Follow our signals today & make up to 270% a day.

    ReplyDelete