Saturday, July 29, 2017

Myanmar Window ကို Virtual Box တွင်သုံးနည်း

ကျွန်တော် ဒီနေ့တော့ Tharlon OS ဆိုပြီး Myanmar Windows Beta Version 1.0 လေးကို အကိုတစ်ယောက်က ပြောလို့ စမ်းကြည့်ရင်းနဲ့ ကျွန်တော်တို့လိုပဲ စမ်းသုံးကြည့်ချင်တဲ့ သူတွေရှိရင်လည်း အလွယ်တကူ အသုံးပြုလို့ရအောင် ဒီကောင်လေးကို Virtual Box ထဲမှာ Install လုပ်ပြီးဘယ်လို အသုံးပြုလို့ ရမလည်းဆိုတာကို ရေးပေးသွားပါမယ် . .
Tharlon OS ကို Linux ရဲ့ Unbuntu ပေါ်မှာ အခြေခံထားတယ်လို့ ထင်ပါတယ် .. ပထမဆုံး မြန်မာစာသုံး ကွန်ပျူတာ စက်လည်ပတ်စနစ် (Myanmar Operating System) ဆိုတော့လည်း ကျွန်တော်တို့ မြန်မာလူမျိုးတိုင်း စိတ်ဝင်စားမယ်ထင်လို့ မိတ်ဆက်ပေးချင်တာရယ် .. Virtual Box မှာ မိမိတို့ကြိုက်နှစ်သက်တဲ့ OS တွေကို ဘယ်လို အသုံးပြုရမယ်ဆိုတာကို မသိသေးတဲ့ သူများအတွက်လည်းVirtual Box ကိုဘယ်လိုအသုံးပြုရမယ် ဆိုတာကို သိစေချင်လို့ ဒီပို့စ်လေးကို ရေးဖြစ်သွားတာပါ ..

Tharlon OS ပထမဆုံး မြန်မာစာသုံး ကွန်ပျူတာ စက်လည်ပတ်စနစ် (Myanmar Operating System) နဲ့ပါတ်သတ်ပြီး အသေးစိတ် သိချင်တယ်ဆိုရင်တော့ သူရဲ့Website မှာသွားပြီးတော့ လေ့လာကြည့်ပါလို့ လမ်းညွန်ချင်ပါတယ် ..



http://www.tharlon.org/

Tharlon OS မြန်မာစာသုံး ကွန်ပျူတာ စက်လည်ပတ်စနစ်(Myanmar Operating System) ကိုအသုံးပြု ချင်တယ် ဆိုရင်တော့ အောက်ကလင့်မှာ ဒေါင်းလော့ ချလိုက်ပါ .. 557 MBရှိပါတယ် ..

Download Here

ကျွန်တော် Virtual Box ကိုအသုံးမပြုတက်သေး သူတွေလည်း အလွယ်တကူ သုံးတက်သွားအောင် ပြီးရင် Tharlon OS ကို အသုံးပြုချင်တဲ့ သူတွေရှိရင်လည်း OS တစ်ခု သက်သက်ထပ်တင်စရာ မလိုပဲ Virtual Box ထဲမှာ Tharlon OSကိုဘယ်လို Installation လုပ်ရမယ်ဆိုတာကို ရေးပေးသွားပါမယ် .. Virtual Box ကို ဘာအတွက် အသုံးပြုတာလည်း ဆိုတော့ ကျွန်တော်တို့ အနေနဲ့ အခုလက်ရှိ Windows OS တစ်ခုခုကို အသုံးပြုနေတယ် .. စက်မှာ နောက်ထပ် Unbutu ကိုပဲဖြစ်ဖြစ်MasOS ကိုပဲဖြစ်ဖြစ် အသုံးပြုချင်တာပဲဖြစ်ဖြစ် စက်မှာလက်ရှိWindows 7 ကိုတင်ထားပါတယ် .. နောက်ထပ် Windows XPကိုသုံးချင်တယ်ဆိုရင် နောက်ထပ် Partation တစ်ခုခုသက်သက် ခွဲပြီး အသုံးပြုနေစရာမလိုပဲ Virtual Box ထဲမှာတင် အသုံးပြုနိုင်မှာဖြစ်ပါတယ် .. ကျွန်တော် Virtual Box ကိုဘယ်လို အသုံးပြုရမယ်ဆိုတာကို မသိသေးတဲ့ သူတွေအတွက် Tharlon OS ကို Virtual Box မှာ Install လုပ်နည်းကို အောက်မှာပုံလေးတွေနဲ့ အသေးစိတ်ရှင်းပြပေးထားပါတယ် ..

အရင်ဆုံး မိမိတို့စက်မှာ Virtual Box ကို Install လုပ်လိုက်ပါ .. ပြီးရင် Virtual Box ကိုဖွင့်လိုက်ပါ ..







ဒီအောက်ကအဆင့် Operating System ကိုရွေးချယ်ပေးတဲ့ အခါမှာ Windows အသုံးပြုမယ့် သူတွေဆိုရင် Microsoft Windows ကိုရွေးချယ်ပေး ရမှာဖြစ်ပါတယ် ..










အပေါ်ကပုံအတိုင်း ရောက်ပြီဆိုရင်တော့ 4 MB နေရာမှာ မိမိတို့စိတ်ကြိုက် Base Memory Size ကိုရွေးပြီး ထားလို့ရပါတယ် ..ပြီးရင် Next ပေးလိုက်ပါ ..







အပေါ်ကအဆင့် ကိုရောက်ပြီဆိုရင်တော့ ကျွန်တော်တို့ကWindows Setup ကို ဘယ်နေရာမှာ Installationလုပ်မယ်ဆိုတာကို ရွေးပေးရမှာ ဖြစ်ပါတယ် .. ကျွန်တော်ကတော့Partation ( E: ) ကိုရွေးလိုက်ပါတယ် .. မိမိတို့စိတ်ကြိုက်Partation တစ်ခုထားလို့ ရပါတယ် .. သူအတွက် ပေးရမယ့် 40 MB စာနေရာ ပေးနိုင်ရင် အဆင်ပြေပါတယ် ..







အပေါ်က ပုံအတိုင်း Location ကို E: ကိုရွေးပေးပြီးသွားပြီ ဆိုရင်Next ကိုဆက်ပြီး နှိပ်လိုက်ပါ ..





အပေါ်က ပုံအတိုင်း Create ကိုရွေးနှိပ် ပြီးပြီ ဆိုရင်တော့ ကျွန်တော် တို့အနေနဲ့ OS တစ်ခုကို Vritual Box ထဲမှာInstallation လုပ်ဖို့အတွက် နေရာ ရွေးချယ်ပေးရတဲ့ အပိုင်းတွေ အတွက် ပြင်ဆင် ပြီးသွားပြီ ဖြစ်ပါတယ် .. ဆက်ပြီးတော့ မိမိတို့ အသုံးပြုချင်တဲ့ OS ကို Virtual Box ထဲမှာ ဘယ်လိုတင်ရမယ် ဆိုတာကို ဆက်ပြီးတော့ ရှင်းပြပေးသွားပါမယ် .. အရင်ဆုံးပုံမှာ ပြထားတဲ့အတိုင်း Start Botton ကိုနှိပ်လိုက်ပါ ..






အောက်က အဆင့်ကို ရောက်ပြီ ဆိုရင်တော့ ကျွန်တော်တို့ အနေနဲ့ မိမိတို့ Installation လုပ်ချင်တဲ့ OS ရဲ့ ISO File ကိုရွေးပေးရမှာ ဖြစ်ပါတယ် ..မြားပြထားတဲ့ ကောင်လေးကို နှိပ်လိုက်ပါ ..




အောက်က ပုံအတိုင်း မိမိတို့ အသုံးပြုချင်တဲ့ OS ရဲ့ ISO Fileကိုရွေးပေးပြီးပြီ ဆိုရင်တော့ Next ကိုဆက်ပြီး သွားလိုက်ပါ ..




အပေါ်ကပုံအတိုင်း Start ကိုပေးလိုက်ပြီး ဆိုရင်တော့ အောက်ကပုံအတိုင်း Windows Installation မြင်ကွင်းကို စတင်ပြီးတော့ မြင်တွေ့ရမှာ ဖြစ်ပါတယ် .. ပြီးရင်တော့ ပုံမှန်တိုင်းWindows Installation ကိုဆက်ပြီး လုပ်သွားလိုက်ယုံပါပဲ ..


အောက်ကပုံကတော့ Tharlon OS တင်ပြီးတော့ တွေ့တဲ့မြန်မာစာသုံး ကွန်ပျူတာ စက်လည်ပတ်စနစ် ရဲ့ မြန်မာစာ စနစ် ပြောင်းလဲ ထားတဲ့ ပုံစံကို အောက်မှာ ဖော်ပြပေး ထားပါတယ် ..











ဒီလောက် ဆိုရင်တော့ Virtual Box နဲ့ OS တွေကို အသုံးပြုချင်တယ်ဆိုရင် ဘယ်လို Installation လုပ်ရမယ် ဆိုတာကို သိသွားပြီလို့ ထင်ပါတယ်။
အားလုံးပဲ အဆင်ပြေနိုင်ကြပါစေ....

Credit by နည်းပညာ

No comments:

Post a Comment