Friday, July 28, 2017

MICROSOFT OFFICE ကို UBUNTU မှာ ဘယ်လိုတင်မလဲ ??


ကျနော်အခုတင်မယ့် Post ကတော့ လူတိုင်းအတွက်အသုံးမ၀င်ရင်တောင် ကျောင်းသူ ကျောင်းသား လုပ်ငန်းခွင် သမားတွေအတွက်တော့အဆင်ပြေမယ်လို့ ထင်ပါတယ်..။ Ubuntu ကိုလဲ ပြောင်းသုံးချင်တယ် Window မှာအလုပ်နဲ့ ပတ်သက်တာတွေကိုလဲ Microsoft Office နဲ့ ရိုက်ရဦးမယ် ဆိုရင်တော့ ဒီနည်းလေး အတိုင်း Ubuntu ပေါ်မှာ Microsoft Office ကိုတင်ထားလိုက်ပါ..။ Ubuntu ပေါ်မှာ Microsoft Office ကို တင်ဖို့ အတွက် Play On Linux ဆိုတာရှိထားရပါမယ်..။
မရှိသေးရင် ဒီနေရာလေးကနေ သွားပြီး Download လုပ်လိုက်ပါ..။ ကျနော်အခု post နေတဲ့အချိန်မှာတော့ version ကPlayOnLinux_4.0.12 ပါ.။ အကယ်လို့ update ဖြစ်တာလေးသုံးချင်တယ်ဆိုရင်တော့ ဒီနေရာက နေပြီးတော့သွားပြီး မိမိသုံးတဲ့ Linux OS အမျိုးအစားကိုနှိပ်ပြီး Download ဆွဲနိုင်ပါတယ်..။ Download ဆွဲပြီးရင် အဲ့ဒီ ရလာတဲ့ pakage လေးကို double click နှိပ်လိုက်ပါပြီးရင် Install လုပ်လိုက်ပါ..။ 
Play On Linux ကို သွင်းပြီးသွားရင် သူ့ကို Applications > Games > PlayOnLinux ကနေ ခုလို ခေါ်ယူနိုင်ပါတယ် -
အဲလိုခေါ်လိုက်လို့ တက်လာတဲ့ box ကနေ install button ကိုရွေးပေးပြီး အဲ့ကမှ နောက်တစ်ဆင့် မှာ Microsoft Office 2007 ကို install လုပ်ဆောင်ဖို့ – အောက်မှာ ဖော်ပြထားတဲ့ အတိုင်း Office > Microsoft Office 2007 ကို သွားပါ -

Cried py ကြေးစားလေ အိုက်ဒီ

Microsoft Office ကို Install လုပ်ဆောင်ရန် ပြင်ဆင်ခြင်း

ဒီနေရာမှာ နှစ်မျိုးကွဲပါတယ် – တစ်ချို့က Micrsoft Office ကို CD နဲ့ ရိုက်ပြီး သုံးတယ် – တစ်ချို့ကတော့ Office ISO ကို တိုက်ရိုက် ဒေါင်းလုပ်ချထားပြီး ဖိုင်တွေအားလုံး Extract လုပ်ပြီး သုံးတယ် – တစ်နည်းချင်းစီ အတွက် ပြောပြပေးပါ့မယ် -
တကယ်လို့ ကိုယ်က Micrsoft Office ကို CD နဲ့ ရိုက်ပြီး သုံးနေတဲ့သူ ဆိုပါစို့ – ဒီလိုဆို CD ခွေကို ယူပြီး ကိုယ့်စက်က Drive ထဲကို ထည့်ပါ – နောက်ပြီး ကိုယ့်အခွေ mount လုပ်ထားတဲ့ directory ကို သိနိုင်ဖို့ File browser ကိုဖွင့်ပြီး CD ထဲကို ဝင်ပါ – နောက်ပြီး Ctrl+L ကို နှိပ်ရင် ကိုယ့် CD ရဲ့ Location ကိုတွေ့ပါလိမ့်မယ် – အဲတာလေးကို Copy ကူးထားပြီး အပေါ်မှာ ပြထားတဲ့ ပုံက Microsoft Office 2007 ဆိုတဲ့ နေရာကနေ ရှေ့ဆက် သွားပါ – အောက်ဖော်ပြပါ အတိုင်း တွေ့ရပါလိမ့်မယ် -
တကယ်လို့ ကိုယ်က CD နဲ့ သုံးတဲ့သူ မဟုတ်ရင် ISO ကနေ Extract လုပ်ထားတဲ့ Folder လမ်းကြောင်းကို အထက်မှာဖော်ပြခဲ့တဲ့ နည်းအတိုင်း Copy ကူးထားပြီး ရှေ့ဆက်သွားပါ – ဘယ်နည်းနဲ့ သွားသွား ဒီအဆင့်ကတော့ တူတူပါပဲ.။

The Installation Process 

တကယ်လို့ ဖော်ပြထားတဲ့ နေရာမျိုးမှာ ကိုယ့် CD ကို တွေ့ရင်တော့ အဲ့တာကို တန်း click ပေးပြီး ရှေ့ဆက်သွားပါ – တကယ်လို့ အဲ့လိုမှ မဟုတ်ရင် “Other” ကိုရွေးပြီး ရှေ့ဆက်ပါ -
နောက်တစ်ဆင့်မှာ အပေါ်မှာ ကျွန်တော်တို့ မှတ်လာခဲ့တဲ့ location ကို သူက တောင်းပါလိမ့်မယ် – အဲတာကို ထည့်ပေးပြီး ရှေ့ဆက်သွားတာနဲ့ Office ကို install လုပ်ဖို့ ကီး တောင်းပါလိမ့်မယ် -
အဲ့နောက်မှာတော့ ထိုင်စောင့်နေဖို့ပဲ လိုပါတော့တယ် – PlayOnLinux ကနေ ပြီး Microsoft Office run ဖို့အတွက် လိုအပ်တာတွေအကုန်လုံးကို သူ့ဘာသာသူ ပြင်ဆင်ပြီး install လုပ်ဆောင်ပေးသွားပါလိမ့်မယ် – ဒီကြားထဲမှာ ကျွန်တော်တို့ လုပ်ပေးဖို့လိုတာဆိုလို့ Next လေးနှိပ်ပေးယုံလောက်ပဲ လိုမှာပါ – သည်းခံပြီး စောင့်ပါ – တစ်ခါတစ်လေမှာ Installation process က သာမန်ထက် နည်းနည်းလေး ပိုကြာတတ်ပါတယ် – အားလုံးပြီးခါနီးရင် Microsoft Office ရဲ့ shortcuts တွေကို Menu မှာ ထားမှာလား Desktop ပေါ်တင်မှာလားဆိုပြီး မေးပါလိမ့်မယ် - မိမိထားချင်တဲ့နေရာမှာထားပါ..။ Desktop မှာထားရင်တော့သုံးရတာ လွယ်တာပေါ့ဗျာ..။တစ်ခါတစ်လေမှာ shortcuts တွေတက်လာဖို့ အမေးမခံရဘူး ဖြစ်တတ်တာမျိုး ရှိပါတယ် – စိတ်မညစ်ပါနဲ့ နောက်တစ်ခေါက် ပြန် install လုပ်ပါ – အဆင်ပြေပါလိမ့်မယ် :D .။ အားလုံးပဲ အဆင်ပြေနိုင်ကြပါစေဗျာ..။

No comments:

Post a Comment