Tuesday, March 1, 2016

Software ကို Full version ဖြစ်အောင် Patch အသုံးပြုနည်း


*Read More ကိုနှိပ်ပြီးအပြည့်အစုံဖတ်ပါရန်*
ဒီနည်းလေးကို အကိုတစ်ယောက်တောင်းထားလို့ တင်ပေးဖြစ်သွားတာပါ။
အဲဒိအကိုတောင်းဆိုထားတာက Crack | Patch | Keygen အသုံးပြုနည်းလေးတင်ပေးစေချင်ပါတယ် တဲ့။
Keygen ကတော့ များသောအားဖြင့် အသုံးပြုတတ်ကြမယ်ထင်ပါတယ်။
အခုကျွန်တော်က Patch အသုံးပြုနည်း လေးကိုတင်ပေးလိုက်ပါတယ်။
ဘလော့မိတ်ဆွေတို့လည်း Patch ကိုဘယ်လိုအသုံးပြုရသလဲဆိုတာ အောက်စာမျက်နှာမှာ
လေ့လာနိုင်ပါတယ် .....
ကျွန်တော်က Internet Download Manager ကို Patch သုံးပြီး Full Version ဖြစ်အောင်လုပ်သွားမှာ
ဖြစ်ပါတယ်။ အားလုံးကို ကျွန်တော်နားလည်သဘောပေါက်ထားတဲ့အတိုင်း ရှင်းပြသွားမှာဖြစ်ပါတယ်။
IDM ကို အင်စတောလုပ်ပါမယ်။ အင်စတောလုပ်ပြီးတာနဲ့ Full Version မဖြစ်သေးပါဘူး။


ဒါကြောင့် IDM ထဲမှာပါတဲ့ Patch ဖိုင်လေးကိုသုံးပြီး Full Version ဖြစ်အောင်လုပ်ရပါမယ်။
အပေါ်ကပုံထဲကအတိုင်း IDM-Patchv0.2c ကို Copy လုပ်ပါ။


Desktop ပေါ်မှာရှိတဲ့ Internet Downlad Manager ရဲ့ icon လေးကို Right Click ပေးပြီးOpen file location ကိုနှိပ်ပါ။ အောက်ပါပုံအတိုင်းပေါ်လာပါလိမ့်မယ်။


ခုနက ကူးထားတဲ့ IDM-Patchv0.2c ကို အပေါ်ကပုံထဲမှာပြထားတဲ့အတိုင် Paste လုပ်ပါ။


ထို့နောက် အဲဒါလေး ( IDM-Patchv0.2c) ကို run ပါ။အောက်ပါ ပုံအတိုင်းပေါ်လာပါလိမ့်မယ်။
အဲဒိမှာ အနီဝိုင်းထားတဲ့ PATCH ဆိုတာလေးကိုနှိပ်ပေးလိုက်ပါ။

ဒါဆို Patch ကိုအသုံးပြုပြီး Internet Download Manager ကို Full Version ဖြစ်အောင်
လုပ်လိုက်ပါပြီ။

Patch အသုံးပြုနည်းလေးကတော့ ဒါပါပဲ ခင်ဗျာ။
လေ့လာသင်ယူစ သူများအတွက်သာပါခင်ဗျာ။
မသိသူအတွက် အသိတစ်ကွတ်ဟာ 
ဘဝတစ်ခုစသလိုပါပဲ အရမ်းအဓိပ္ပါယ်ရှိပါတယ်။

ကျွန်တော်ဘလော့လေးသို့ လာရောက်လည်ပတ်သူအားလုံး
ကိုယ်စိတ်နှစ်ဖြာချမ်းမြသာရာရှိကြပါစေ။

No comments:

Post a Comment