ငွေရှာဆိုဒ်တော်တော်များများဟာ အစပိုင်းဆိုရင် ငွေတကယ်ပေးပါတယ်ခင်ဗျား ဒါပေမယ့် အင်တာနက်မှာလည်း ကြော်ငြာကြည့်ရင်းငွေရှာသူတွေများလာတာနဲ့အမျှ ရတာနဲ့ပေးတာ မမျှပဲ
အရှုံးတွေပေါ်တတ်ပါတယ်ခင်ဗျား ဒီအချိန်ဆိုရင် ဆိုဒ်ပိုင်ရှင်တွေက ဆိုဒ်ကို scam (ငွေအမှန်တကယ်မပေးသောငွေရှာဆိုဒ်) အဖြစ် ထားခဲ့တတ်ကြပါတယ်ခင်ဗျား ကျွန်တော်ပြောပြနေသော
ဆိုဒ်များဟာ အခုအချိန်အတိငွေအမှန်တကယ်ထုတ်ပေးနေသော ငွေရှာဆိုဒ်ဖြစ်ပါတယ်ခင်ဗျား ကဲ 2008 ခုနှစ်ကနေ စတင်ပီး ယခုအချိန်ထိငွေရှာဆိုဒ်များလောက မှာ ထီးထီးမားမားရပ်
တည်နေတဲ့ ငွေရှာဆိုဒ်တစ်ခုရှိပါတယ်ခင်ဗျား ဒါကဘာလဲဆိုတော့ Neobux ပါ ငွေပေးတိကျခြင်း၊ လုံခြုံစိတ်ချရခြင်း၊ ရှုယ်ယာများ 100ရာခိုင်နူန်း active ဖြစ်ခြင်း (ငွေပေးဆိုဒ် တော်တော်
များများဟာ ရှယ်ယာများ active ဖြစ်မှုက 50ရာခိုင်နူန်းသာရှိပါတယ်ခင်ဗျား) တို့ကြောင့် PTC လောကမှာ Neobux ကို PTC king လို့တောင်ခေါ်ဝေါ်သမုတ်ကြပါတယ်ခင်ဗျား။
ယုံကြည်စိတ်ချရမှုက ကျွန်တော်အရင်ပေးတဲ့ Probux နဲ့ 0utbux ထက်သာပါတယ်ခင်ဗျား ဒါဆိုဘာလို့အခုမှပြောလဲဆိုတာမေးစရာရှိတယ်မဟုတ်လားခင်ဗျား ဘာလို့ဆိုတော့ သူက probux
ထက်ငွေပေးနည်းပါတယ်ခင်ဗျား ဒါပေမယ့် လုံခြုံစိတ်ချရမှုက အနည်းငယ်သာပါတယ်ခင်ဗျား (ငွေပေးပိုသေချာပါတယ် ရှယ်ယာတွေအလုပ်ပိုလုပ်ပါတယ်ခင်ဗျား)
Register လုပ်ခြင်း
ကဲအခုစလိုက်ရအောင်ခင်ဗျား ပထမဆုံး ဒီနေရာလေး ကနေ register ၀င်လိုက်ကြပါခင်ဗျား ကျွန်တော့် လင့်ခ်ကနေ၀င်သူများသာနောက်
ပိုင်းကျွန်တော်ပြုလုပ်သောအစီအစဉ်များမှာပါဝင်ခွင့်ရမှာဖြစ်ပါတယ်ခင်ဗျား (ဥပမာ ငွေဖြည့်ကဒ်ထည့်သွင်းပေးခြင်း မဲဖောက်ပေးခြင်း Direct referrel ရှာပေးခြင်း )
အခြားလင့်ခ်မှဝင်သူများကိုလည်း အခက်အခဲများကိုကူညီဖြေရှင်းပေးမှာဖြစ်ပါတယ်ခင်ဗျား ဘယ်လင့်ခ်ကပဲ့ဝင်ဝင် ရပါတယ်ခင်ဗျား
ကျွန်တော်ပုံမှာပြထားတဲ့အတိုင်းဖြည့်ပေးကြပါခင်ဗျား referrer နေရာမှာ ကျွန်တော့်နာမည်ကို ထည့်သွင်းပေးပါရန် တောင်းဆိုပါတယ်ခင်ဗျား
ဒါဆိုရင် ပထမအဆင့် member ၀င်ခြင်းပြီးဆုံးပါပီခင်ဗျား
ကြော်ငြာကြည့်ခြင်း
ဒါဆိုရင် ပထမဆုံး ငွေရှာဆိုဒ်တွေရဲ့ အခြေခံအလုပ်ဖြစ်တဲ့ ကြော်ငြာကလစ်ခြင်းအလုပ်လာပါပီခင်ဗျား သူက တစ်ခုတော့ထူးတယ်ဗျ နာမည်ကြီးမို့လို့လား မသိဘူး စည်းကမ်းနည်းနည်း
ကြီးတယ်ဗျ 15 ရက်လည်းအလုပ်လုပ်ဖူးမှ ကြော်ငြာကလစ်ပေါင်း100 ပြည့်မှသာ ကျန်တာလုပ်ခွင့်ရမှာဖြစ်ပါတယ်ခင်ဗျား (ရှယ်ယာဝယ်တာတို့ ၊ လူရှယ်ယာရှာတာတို့ပေါ့ဗျာ)
ဒီတော့ ကြော်ငြာများများကလစ်ရမှာပေါ့ဗျာ ကလစ်တာကလည်း သူများနဲ့မတူဘူးဗျ ကြော်ငြာကစ်လိုက်ပါ ဒီအကွက်ထဲမှာ အစက်လေးပဲ့ဖြစ်ဖြစ် ကြယ်လေးပဲ့ဖြစ်ဖြစ်သေးသေးလေးပေါ်လာပါ
လိမ့်မယ်ခင်ဗျား ဒီသေးသေးလေးကိုပါထပ်ကလစ်မှ ကြော်ငြာကလစ်တာစမှာဖြစ်ပါတယ်ခင်ဗျား (auto click ဆော့ဖ်ဝဲတွေသုံးမှာစိုးလို့တားထားတာဖြစ်ပါတယ်ခင်ဗျား ) နောက်ထပ်
ဝင်းဒိုးတစ်ခုပွင့်သွားပီး waiting လို့ပေါ်လာပါလိမ့်မယ်ခင်ဗျား ပီးတာနဲ့ အောက်ကနေ အတန်းလေးတစ်တန်းတက်သွားပါလိမ့်မယ်ခင်ဗျား အစိမ်းတန်းလေးပါ (ပုံမှာအသေးစိတ်ပြထားပါတယ်
ခင်ဗျား သေချာကြည့်ကြပါ) ပီးရင် Ur click was credited လို့ပေါ်လာရင်ကြော်ငြာကြည့်တာပီးဆုံးသွားပါပီခင်ဗျား အဲလောက်ဆိုကြော်ငြာကြည့်ခြင်းဆိုတဲ့နေရာလေးကို အားလုံးသဘောပေါက်
နားလည်ကြမယ်လို့ယုံကြည်ပါတယ်ခင်ဗျား တစ်ခုမှတ်ထားရမှာကတော့ ကြော်ငြာကြည့်ရင် တစ်ခါတစ်ရံ ကြော်ငြာကြည့်ရင် another user has view using ur ip ဆိုတာပေါ်တတ်ပါတယ်
ခင်ဗျား စိတ်မပူကြပါနဲ့ခင်ဗျား ဒါက ကိုယ်ကြည့်ပီးသားဖြစ်နေလို့ပါခင်ဗျား error လို့ပြောရမလားမသိဘူးခင်ဗျား
သူက ကြော်ငြာတစ်ခုကြည့်ပီးတိုင်း ကံစမ်းမဲ 3 ခါနှိုက်ရပါတယ်ခင်ဗျား ကျန်တဲ့ဆိုဒ်တွေထက်ကောင်းတာကတော့ ကံစမ်းမဲမှာ မန်ဘာတွေကိုပါ upgrade တင်ပေးတာပါပါတယ်ခင်ဗျား
Rented Referrel ၀ယ်ခြင်း
ပီးတာနဲ့ ငွေရှာဆိုဒ်တွေရဲ့ နောက်ပိုင်းငွေအရများအောင်ကူညီပေးမယ့် referrel (တစ်နည်း ရှယ်ယာလို့ပြောနိုင်ပါတယ်) ၀ယ်ခြင်းအခန်းကဏ္ဍစတင်ပါပီခင်ဗျား Neobux နာမည်ကြီးခြင်းရဲ့
အဓိက ကတော့ သူ့ဆီက ၀ယ်တဲ့ ရှယ်ယာတွေဟာ active ဖြစ်တာများလို့ပါခင်ဗျား တစ်ခြားဆိုဒ်တွေဆိုရင် active သိပ်မဖြစ်ပါဘူးခင်ဗျား 100လောက်မှာ 50 လောက်ပဲ့တကယ်အလုပ်
လုပ်ပါတယ် သူ့ဆီက တော့ 100 မှာဆို 90 လောက်ကအလုပ်တကယ်လုပ်ပါတယ်ခင်ဗျား ဒီတော့ ငွေရှာသူတွေရင်းနှီးမြှုပ်နှံဖို့ဆိုတာသင့်တော်တာပေါ့ခင်ဗျား ဈေးကတော့ Probux
လုပ်သူတွေသိကြမှာပါခင်ဗျား 3 ခုကို 0.6$ ပါ သူက ၀ယ်ရတန်ပါတယ် ခင်ဗျား 0utbux မှာဆို ရှယ်ယာအလုပ်သိပ်မလုပ်လို့စိတ်ညစ်နေသူတွေ ဒါလေးကိုလည်း ရွေးချယ်ကြနော်
ကဲဘယ်လိုဝယ်ရမလဲစပြောမယ်နော် ဇယားလေးရဲ့ အပေါ်မှာ referrel ဆိုတာရှိပါတယ်ခင်ဗျား ဒါက referrel ၀ယ်ရမဲ့နေရာပါခင်ဗျား နှိပ်လိုက်ပါ referrel က probux လိုပါပဲ့ခင်ဗျား ဈေးကတော့
3 ခုကို 0.6$ ပါ
Direct referrel ရှာခြင်း
ရှယ်ယာကို ၀ယ်လို့ ပီးပီဆိုရင်တော့ လူရှယ်ယာရှာရတော့မယ်ခင်ဗျား လူရှယ်ယာရှာတယ်ဆိုတာ ကိုယ်က သူ့ဝက်ဘ်ဆိုဒ်လေးကို ရှယ်ပေးလို့ ပြန်တုံ့ပြန်တဲ့သဘောပါ ကိုယ်ရှယ်ယာက ကြော်ငြာ
ကလစ်ရင် ပိုက်ဆံ 10 % လားမသိဘူးရတယ် ဒါပေမယ့် ကိုယ့်ရှယ်ယာဆီက ဘာမှမရဘူးနော် ၀က်ဘ်ဆိုဒ်ကပေးတာ သူကတော့ သူလုပ်သလောက် သူရမှာပါ ဘာမှမလျော့ပါဘူး
ဘယ်လိုရှာရမလဲဆိုရင်တော့ ဘယ်ဘက်မှာ banner ဆိုတာရှိပါတယ် ဒီမှာ ကိုယ့်နာမည်နဲ့လင့်ခ်တစ်ခုတွေ့လိမ့်မယ် သူများတွေကို ဒီလင့်ခ်ကနေ၀င်ခိုင်းပါခင်ဗျား
Task
နောက်တစ်ခုကတော့ clixsense သုံးတဲ့ သူတွေ မှာမျိုးပါပဲ့ task ဆိုတာပါပါတယ် ဒီ task ဆိုတာကို ဒီနေရာမှာ အသေးစိတ်ရှင်းပြပါ့မယ်ခင်ဗျား တကယ်တော့ task ဆိုတာ
လုပ်ရ လွယ်ပါတယ်ခင်ဗျား ဒါပေမယ့် အင်္ဂလိပ်စာကို အနည်းအကျဉ်းဖတ်နိုင်ဖို့တော့လိုပါတယ်ခင်ဗျား အဲလိုပြောလို့ ကျွန်တော့်ကို အင်္ဂလိပ်စာတော်တယ်မထင်ပါနဲ့ခင်ဗျား
task တွေမှာ အဓိကလုပ်ခိုင်းတာကတော့ စာပိုဒ်တစ်ခုပေးထားမယ် ဒီစာပိုဒ်မှာ စာရေးသူရှိလားမရှိဘူးလားမေးမယ် ရှိတယ်ဆိုရင် နာမည်ရေးပေးရမယ် ဒီလိုပေါ့ဗျာ အရမ်းလွယ်နေလား
ကျွန်တော်ကပဲ့ညံ့လို့လားမသိဘူး ဗျ အခုထိ လုပ်တာ တစ်ခုမှမမှန်သေးဘူးဗျ သူက 10 ခုမေးထားပီး 8 ခုမှန်အောင်ဖြေပေးရတာလေ တခြား task တွေလည်းရှိပါတယ်ခင်ဗျား ဒီ task
လေးကိုနမူနာပြလိုက်တာပါခင်ဗျား တစ်ခါတစ်ရံမှာ crowdflower အကောင့်ဆိုတာလိုတယ်ပြောတတ်ပါတယ်ခင်ဗျား မစဉ်းစားပါနဲ့ ၀င်သာဝင်ထားလိုက်ပါ သူမေးတဲ့ အချိန်ကျမှ
Log in ဆိုတာကိုနှိပ်ပီး မန်ဘာဝင်ထားလိုက်ပါ ဒါက task တွေမှာ ငွေရနိုင်တဲ့နည်းပါခင်ဗျား တစ်ခုကိုမှန်ရင် 0.089$ ရပီး မှားရင် 0.010$ ရပါတယ် တစ်နေ့ကိုကြိုက်သလောက်လုပ်လို့ရပါတယ်
ဒါဆိုရင် task ဆိုတာကိုသဘောပေါက်ပီထင်ပါတယ် ပုံတွေကိုတော့အောက်မှာ အသေးစိတ်ကြည့်လိုက်ပါခင်ဗျား offer ဆိုတာလည်း ဒါနဲ့သိပ်မကွာပါဘူးခင်ဗျား ကိုယ်လုပ်ရင်
လုပ်သလောက်ရနိုင်တာမို့လို့ ဒီငွေရှာဆိုဒ် နှစ်ခု neobux နဲ့ clixsense ဟာ အခုထိ ကြာရှည်ခံပီး သုံးစွဲသူအကြိုက်ဖြစ်နေတာပေါ့ခင်ဗျား ကျန်တာတွေမကောင်းဘူးပြောတာမဟုတ်
ဘူးနော် သူ့အားသာချက်နဲ့သူပါပဲ့ခင်ဗျား ကျွန်တော် အခု ပြောတာ တော်တော်ကုန်သွားပါပီခင်ဗျား ငွေဘယ်လိုထုတ်ရမလဲဆိုတာတော့ နောက်မှဆက်ရေးပေးပါမယ်ခင်ဗျား ငွေ
ထုတ်ဖို့က အနည်းဆုံး 2 ဒေါ်လာဖြည့်ရမှာပါခင်ဗျား 2ဒေါ်လာပြည့်ပီဆိုတာနဲ့ your payment ဆိုတာလေး လင်းလာပါလိမ့်မယ် နှိပ်ပီးငွေထုတ်ရမှာပါ တစ်ခုရှိတယ် ငွေထုတ်တော့
မယ်ဆိုရင်တော့ paypal အကောင့်တစ်ခုရှိရမှာပါ (မကြာခင်ရေးပေးမှာပါ paypal ဘယ်လိုလုပ်ရမလဲဆိုတာ) အဲဒီအကောင့်ကို Personal setting ထဲမှာပြောင်းထည့်ရမှာဖြစ်ပါတယ်ခင်ဗျား
အခုလောလောဆယ်တော့ ကိုယ့်ဂျီမေးလ်ကိုယ်စီနဲ့ပေါ့ဗျာ ကျွန်တော် သိသလောက် neobux အကြောင်းတော့ ရေးလို့ပီးပါပီခင်ဗျား နောက်ထပ်တွေ့ရှိချက်များကိုလည်း ထပ်မံဖြည့်သွင်း
ပေးမှာဖြစ်လို့ အားလုံးကိုလည်းလုပ်စေချင်ပါတယ်ခင်ဗျား ဖတ်ရှုပေးလို့လည်းကျေးဇူးလည်းတင်ပါတယ်ခင်ဗျား။
No comments:
Post a Comment