Create account (or) Sign up ကို နှိပ်ပါ ကျန်တာကတော့
အောက်က ပုံလေးတွေကြည့်ပြီး ဆက်လုပ်သွားရုံပါပဲဗျာ.... အဆင်ပြေပါစေ
Egopay Eလုပ်ရန် အောက်ကလင့်ကိုနှိပ်ပါ။
Egopay Sign up
ကဲ...အခု MyanPay ဆိုတဲ့ မြန်မာပြည်တွင်း Online Payment System အကြောင်းပြောတော့မယ်ဗျာ...အဓိကပြောမှာကတော့ အင်တာနက်ကနေရလာတဲ့ ပိုက်ဆံတွေကိုPayPal ကနေတစ်ဆင့် တကယ့်ငွေသားကိုယ့်လက်ထဲရောက်အောင် ထုတ်ဖို့အတွက် MyanPay ဆိုတာ သုံးကိုသုံးရမယ်ဗျာ..ကျနော်အခုအဓိကရေးမှာကတော့ MyanPay
ကနေ မိမိရဲ့ မြန်မာဘဏ်အကောင့်ထဲကိုငွေဘယ်လိုလွှဲမလဲဆိုတာပါဘဲ..ဒါကိုဘဲအဓိကထားရေးသွားပါ့မယ်... အရင်ဆုံး မိမိနဲ့ နီးစပ်တဲ့ ဘဏ်တစ်ခုခုကနေလုပ်ထားတဲ့ ဘဏ်စာအုပ်
ရှိရပါ့မယ်..ဘဏ်စာအုပ်လုပ်တာကလဲ တစ်ထောင်လောက်ပဲကုန်ကျတာပါ.. ဘဏ်စာအုပ်ရပြီဆိုရင် ဘဏ် Account ရပါ့မယ်..အဲဒီဘဏ်အကောင့်ထဲကို ငွေလွှဲရမှာဖြစ်ပါတယ်။
အိုကေစမယ်..အရင်ဆုံး MyanPay Account လုပ်ဖို့အတွက် ဒါလေးကို သွားလိုက်ပါ..ပြီးတာနဲ့ Create MyanPay Account ကိုနှိပ်လိုက်ပါ

Create Personal Account ကိုရွေးပါ

ပြီးတာနဲ့ Register လုပ်ရပါ့မယ်..သူမေးထားတဲ့အတိုင်း အောက်ပါပုံကိုသေချာကြည့်ပြီးဖြည့်ပေးပါ .. ပြီးတာနဲ့ မိမိထည့်ထားတဲ့ ဖုန်း နဲ့ မိမိ Register လုပ်ထားတဲ့ Email Account ထဲသို့ Register Code ပို့ပေးပါလိမ့်မယ်...အဲဒါကို ရိုက်ထည့်ပြီး Activate လုပ်ရင် MyanPay Account ( Unverified ) တစ်ခုရပါပြီ။ ပြီးတာနဲ့ Login ၀င်လိုက်ပါ

Login ၀င်လိုက်တာနဲ့ Unverified ကိုတွေ့ပါမယ်..Verified ဖြစ်ဖို့အတွက် အောက်ဖော်ပြပါ ပုံပါ လိပ်စာသို့ ဖုန်းဆက်ပြီး အကြောင်းကြားရပါ့မယ်..သို့မဟုတ် ငွေတစ်ထောင် သွင်းရပါမယ်..သို့မဟုတ် မိမိရဲ့မှတ်ပုံတင် Scan ဖတ်ထားတာကို သူတို့ရဲ့ Mail လိပ်စာဖြစ်တဲ့ support@myanpay.com.mm ကို ပို့ပေးရပါ့မယ်.. အကောင်းဆုံးကတော့
ဖုန်းအရင်ဆက်ပါ..မိမိအကောင့်ဖွင့်ထားကြောင်းပြောပါ.. verified လုပ်လိုကြောင်းပြောပြီး သူတို့ရဲ့ညွှန်ကြားချက်အတိုင်း လုပ်လိုက်ပါ...ဒါဆိုရင် Verified ဖြစ်သွားမှာပါ..ကျွန်တော်ကတော့ ကျွန်တော့်မှတ်ပုံတင်ကို Scan လုပ်ပြီးပို့ပေးလိုက်တာ 24 နာရီအတွင်း Verified ဖြစ်သွားပါတယ်..ကဲ..Verified ဖြစ်ပီဆိုမှတော့သောင်းကျန်းလို့ရဘီ .. :D

ကဲ..အခုမိမိရဲ့အကောင့်က Verified ဖြစ်သွားပြီ..မိမိမှာ ဘဏ်စာအုပ်လဲရှိပြီဆိုရင် ဘာဆက်လုပ်မလဲဆိုတော့ ဘဏ်စာအုပ်ထဲက Account Number ကို MyanPay ထဲထည့်မှာပါ..ဘယ်လိုထည့်မလဲ..အောက်ကပုံကိုကြည့်ပါ.. တစ်ခုသတိပေးချင်ပါတယ်.. ဘဏ်စာအုပ်မှာ Aung San ဆိုပြီးလုပ်မယ်ဆိုရင် MyanPay မှာလဲ Aung San ဆိုပြီး
လုပ်ပါ..သူတို့ဘက်က ငွေလွှဲလို့ နာမည်မတူရင် ရစ်ပါတယ်..အဲဒါကြောင့်တူတူလုပ်ပါ။ အိုကေအောက်က ပုံကိုကြည့်ပါ။

Withdraw ကိုနှိပ်ပါ... Withdraw to Bank Account ကိုနှိပ်ပါ.. ပြီးတာနဲ့ Add your Bank Account Information ကိုနှိပ်လိုက်ပါ။

ပုံမှာဆိုရင် မိမိ ဘဏ်အကောင့် (Or) ဘဏ်စာအုပ်လုပ်ထားတဲ့ ဘဏ်အမျိုးအစားကိုရွေးပါ..ကျွန်တော်ကတော့ KBZ မှာလုပ်ထားလို့ KBZ Bank လို့ဘဲရွေးလိုက်ပါတယ်..
အောက်က Bank Branch Name ကတော့ ဘဏ်ခွဲအမည်ပါ..ကျွန်တော်က နေပြည်တော် ပေါင်းလောင်းနားမှာနေတာဆိုတော့ Naypyidaw Branch (2 ) လို့ရွေးချယ်ပေး
လိုက်ပါတယ်.. အောက်က Bank Account Number မှာတော့ မိမိဘဏ်စာအုပ်ထဲမှာပါတဲ့ Account Number တွေကို ရိုက်ထည့်ပေးလိုက်ပါတယ်... ပြီးတာနဲ့ Add New ကိုနှိပ်ပေးလိုက်ပါ..ဒါဆိုရင မိမိရဲ့ ဘဏ်အကောင့် MyanPay အတွင်းထည့်သွင်းခြင်းပြီးဆုံးပြီဖြစ်ပါတယ်။ ကဲ.. ငွေထုတ်တဲ့နည်းစတင်ပါတော့မယ်... ထုံးစံအတိုင်း Withdraw >> Withdraw to Bank Account ကိုနှိပ်လိုက်ပါ..အောက်ပါပုံအတိုင်းပေါ်လာပါမယ်..

အဲဒီနေရာမှာ Select Bank Account ရဲ့ ဘေးနားက မြှားလေးကို တစ်ချက်နှိပ်လိုက်တာနဲ့ စောစောက မိမိထည့်သွင်းခဲ့တဲ့ မိမိရဲ့ ဘဏ်အကောင့်နံပတ်က အလိုလိုကျလာပါ
လိမ့်မယ်..အဲဒီအပေါ်ကိုရွေးချယ်လိုက်ပါ..ဒါဆိုရင်အောက်က ပုံအတိုင်း Bank Information ကျလာပါလိမ့်မယ်။

ကဲ..ကျလာပြီဆိုရင် မိမိလွှဲပြောင်းလိုတဲ့ မိမိရဲ့ Account Balance ထဲမယ်ရှိတဲ့ ငွေပမာဏကို ရိုက်ထည့်လိုက်ပေါ့..ပြီး၇င် Withdraw ဆိုတာကိုနှိပ်လိုက်ပေါ့။ အောက်က ပုံကို
ဆက်ကြည့်လိုက်ပါဦး။

ပုံမှာဆိုရင် ငွေကို ဘဏ်အကောင့်ထဲသို့ချက်ချင်းးမလွှဲသေးဘဲ Pending ( ဆိုင်းငံ့ ) နေတာကိုတွေ့ရပါလိမ့်မယ်...ဒီအချိန်မှာဘာလုပ်ရမလဲဆိုရင် MyanPay ကိုဖုန်းဆက်ပြီး
ငွေလွှဲထားတဲ့အကြောင်းအပြည့်အစုံကိုပြောပြလိုက်ပါ..သူတို့ဘက်က ချက်ချင်းလုပ်ပေးပါလိမ့်မယ်..နောက် သုံးလေးနာရီအတွင်း သက်ဆိုင်ရာဘဏ်ကနေ လူကြီးမင်းရှင့် လူကြီးမင်းရဲ့ အကောင့်ထဲကို ဘယ်လောက်ရောက်နေပါပြီဆိုပြီး ဖုန်းဆက်လာပါလိမ့်မယ်ခင်မျာ.. :D ကဲ..ဒါကတော့ဗျာ..အင်တာနက်ပေါ်ကနေငွေရှာနေတဲ့ ကျနော်တို့ ငွေဘယ်လိုအဆင့်ဆင့်ဖြတ်ထုတ်လာတယ်ဆိုတာရေးပြလိုက်တာပါဘဲ.....အားလုံးဘဲအဆင်
ပြေမယ်မျှော်လင့်ပါတယ်ခင်ဗျာ...
PayPal သုံးနည်းမသိပါက ဒီမှာ ကြည့်ပါ။
ပိုစ့်အသစ်တင်တိုင်း facebook ကနေဖြစ်စေ / မေလ်းဖြင့်ဖြစ်စေ ဖတ်ချင်ရင်
ဒီမှာ Like နှိပ်ခဲ့ပါ။
www.mm-knowledge.com
နည်းပညာမြို့တော်

ခုတစ်လော နာမည်ကြီးနေတဲ့ Paidverts Game & Paying Website မှာ ငွေထုတ်ပြီးမြန်မာငွေလဲနည်း တင်ပေးလိုက်ပါတယ် .. Paidverts က ကာဆီနို ၊ Black Jack ၊ Coin Flip အစရှိတဲ့Gameတွေ ဆော့ရတယ် Point ( BAP ) စုရတယ် .. စုလို့များလာတဲ့အခါ ကိုယ်ရရှိတဲ့ ၀င်ငွေတန်ဖိုးလည်းမြင့်တက်
လာပါတယ် ..ရလာတဲ့ငွေတွေကို ထုတ်ဖို့အခက်အခဲရှိနေတဲ့သူများအတွက် စာအုပ်ထုတ်ပြီးတင်ပေးလိုက်ခြင်းဖြစ်ပါတယ်ခင်ဗျာ။ မြန်မာမှာ နာမည်ကြီးနေတဲ့ ရှမ်းကိုးမီးဂိမ်းလိုပါဘဲ .. ဒါပေမယ့် Paidverts မှာအားသာချက်က Game ဆော့ရင်း တစ်ကယ့်ပိုက်ဆံအစစ်ကိုထုတ်လို့ရတာပါဘဲ ကဲ အားလုံးဘဲ အသုံးပြုပုံစာအုပ် လေ့လာနိုင်ကြပါပြီ။
Download => Zippyshare / Solidfileshttp://winmm.blogspot.com/2014/06/blog-post.html
မင်္ဂလာပါ....
အခု ကျတော်ရေးပြချင်တဲ့ အကြောင်းအရာကတော့ http://www.paidverts.com မှာ ၀င်ငွေရှာ
နေကြရင်း BAP (bonous ad point) တွေကို ၀ယ်ချင်ပေမယ့်မ၀ယ်တတ်သေးတဲ့ သူငယ်ချင်းတွေအတွက် ၀ယ်နည်းလေး ရှင်းပြချင်ပါတယ်။ 1$ဖိုးကို BAP 3100 ပေးပါတယ်ဒါပေမယ့်
Fee ရောဆိုတော့ 1.37$ သိပါတယ်......
Paidverts ရဲ့ သဘောက ငွေများများဝင်ချင်ရင် BAP များများ ရှိရပါမယ်။BAP များရင် များသလို
ကြော်ငြာတွေ ချပေးပါတယ်...paidverts မှာ ၁ရက်ကို 21$ ထိ ရနေတဲ့ သူငယ်ချင်းများ မြန်မာမှာ
ရှိပါတယ်။... တစ်နေ့တည်းနဲ့ 21$ ရအောင်ရှာနိုင်တယ် ရမယ်ဆိုရင်စိတ်ဝင်စားသလား ..
ဟုတ်ကဲ့..အပြောမယုံမှာစိုးလို့ကျွန်တော့်ရဲ့သူငယ်ချင့်း Facebook ပေါ်မှာဘယ်လိုရတဲ့အကြောင်းတွေ တင်ထားပါတယ် .. https://www.facebook.com/Ithelper.uvs မှာ သွားကြည့်ပါ။
စိတ်လဲဝင်စားတယ် member လဲ မ၀င်ရသေးဘူးဆိုရင်တော့ ဒီ ကျတော်ပေးတဲ့ link ကနေ ၀င်ပြီး
Member ၀င်ပေးပါဗျာ...( ကျတော့်အတွက် ကော်မရှင် ရလို့ပါ) member ၀င်၇န်http://www.paidverts.com/ref/myonaing နှိပ်ပြီး ၀င်ပေးပါခင်ဗျ။
ငွေရှာနည်းလုပ်နည်း မသိသေးရင်လည်း အောက်က link ကိုနှိပ်ပြီး pdf ကို download ယူပြီး ဖတ်လိုက်ရင် အားလုံး နားလည်သွားပါမယ်
pdf ကို ဒီမှာ download ယူပါ
....ဟဲ...လေလည်းရှည်သွားပြီဗျာ... BAP တွေကိုဝယ်ကြစို့.........
Online မှာ ၀ယ်ချင်တယ်ဆိုကတည်းက Online Payment System တစ်ခုခုတော့ ရှိမှာပါ..ဟုတ်....? ကျတော်ကတော့ Paypal ကနေ၀ယ်လိုက်တယ် သူက fee သက်သာတယ်...
ပုံလေးတွေနဲ့ သွားလိုက်မယ်ဗျာ..ရှင်းသွားတာပေါ့....
အောက်က ပုံကိုကြည့်လိုက်ပါ..

ပထမဦးဆုံး log in ၀င်လိုက်ပါ...ပြီးရင် ကျတော် ညာဘက်နားမှာ အပြာရောင်နဲ့ ၀ိုင်းပြထားတဲ့ Buy ads ဆိုတာလေးနှိပ်လိုက်ပါ.. နောက်တဆင့်မှာ ကျတော်မြှားပြထားတဲ့ နေရာကို ရောက်ပါမယ်....
ဒါဆိုရင် ကျတော်မြှားထိုးပြထားတဲ့ CREATE CAMPAIGN ဆိုတာလေး နှိပ်လိုက်ပါ....
အောက်ကပုံလေးပေါ်လာပါမယ်......

ပုံမှာ မြင်တဲ့အတိုင်း လိုအပ်တာတွေ ဖြည့်ရပါမယ်...အဆင့်(1) ကတော့ ကိုယ့်ရဲ့ website domain
Url ကို မြားပြထားတဲ့ အကွက်ထဲကို ဖြည့်ရပါမယ် ကျတော် ဥပမာ ပြထားသလို http://myonaing.cf ပေါ့ဗျာ...domain မရှိရင်လည်း free ရတဲ့ site တွေရှိပါတယ်.. ကျတော်ကတော့ www.freenom.com မှာ လုပ်ထားတယ်။ ဖြည့်ပြီးရင် ၀ိုင်းပြထားတဲ့ verify ဆိုတာလေး နှိပ်လိုက်ပါ အမှန်ခြစ်လေးပြရင် ရပါပြီ။
အဆင့်(2)နဲ့အဆင်(3)ကအရေးကြီးတယ်ဗျ...ကိုကြော်ငြာချင်တဲ့ ပုံကို သူခိုင်းတဲ့ ဆိုဒ် အရွယ်အစားအတိုင်း upload တင်ပေးရမယ်...ပုံကို photoshop နဲ့ပြင်လိုက်ရင်ပီးတာပဲ..ကျတော်ကတော့
ဖုန်းပဲရှိလို့ ဖုန်းapkနဲ့ပဲ ပြင်လိုက်တယ် ပုံ အဆင်သင့်ဖြစ်ရင် မြှားပြထားတဲ့ ၂ နေရာလုံး အတွက် upload တင်ရပါမယ်.. .အဆင့်(2)ပထမပုံက 123*125 နဲ့ အဆင့်(3)ဒုတိယပုံက 728*90 banner image ဖြစ်ရပါမယ်။
ပြီးရင် အဆင့်(4) ကို ဖြည့်ရပါမယ် ကျတော် example ဖြည့်ထားသလိုပေါ့ ကြိုက်တာဖြည့်လို့၇ပါတယ်။ပြီးရင် အဆင့်(5)က မြားပြထားတဲ့ နေရာကို နှိပ်လိုက်ပါ...online payment system တွေက ပေါ်လာမယ်...ကိုယ် အသုံးပြုမယ့် payment ကိုရွေးပေါ့ ကျတော်ကတော့ Paypal ကိုေ၇ွးလိုက်တယ် fee သက်သာတယ်(ကြွားလိုက်အုံးမယ် paypalကနေ ရှိတဲ့ 7$ လေးနဲ့ BAP ၀ယ်ပီး ခေါင်း ပန်း လှန်လိုက်တယ် အကုန်ပြောင်သွားတယ်..ဟဲဟဲ..ကျတဲ့ payment တွေကလဲ ငွေမရှိဘူး Paypal မှာလဲ 0)
ဟုတ်ပြီ... ရွေးပြီးရင်...ကျတော် ၀ိုင်းပြထားတဲ့ လေးထောင့်ကွက်တွေမှာ တတ်နိုင်သလောက် ၀ယ်ချင်သလောက် အမှန်ခြစ်လေးပေးပေါ့ဗျာ...အားလုံးလုပ်ပြီးပြီဆိုရင်တော့ အောက်ဆုံးမှာ မြှားပြထားတဲ့ Purchase ပေါ့ဗျာ...နှိပ်လိုက်ရင် ကိုယ်ရွေးချယ်ခဲ့တဲ့ payment မှာ log in ၀င်ပြီး sent လိုက်ရုံပါပဲ။ အားလုံး ok တယ်ဆိုရင် paidverts ကို ပြန်ရောက်သွားပါမယ်။ ဒါဆိုရင် paid ads ကိုနှိပ်ပြီး ကြည့်လိုက်ပါ ၀ယ်ထားတဲ့ BAP တွေက ရောက်နေပါပြီဗျာ...OK
အဆင်ပြေကြပါစေ....
No comments:
Post a Comment