Tuesday, March 1, 2016

Currency trading: ငွေကြေးရောင်းဝယ်ရေးဈေးကွက် (သို့ ) ဘ၀အောင်မြင်ရေးလမ်းကြောင်းတစ်ခု

ဘာကြောင့် နိုင်ငံတကာငွေကြေးဈေးကွက် က သင့်ကိုချမ်းသာအောင်လုပ်ပေးနိင်တာလဲ ?
အတက်အကျကြမ်းသလောက် အမြတ်ကြီးတဲ့ စီးပွားရေးလုပ်ငန်းတွေထဲမှာ ငွေကြေးရောင်းဝယ်ရေးဈေးကွက်က ထိပ်ဆုံးမှာပါပါတယ်။ ငွေကြေးရောင်းဝယ်ရေးဈေးကွက် ကို forex (or) FX လို့ လူအများကအတိုကောက်ခေါ်လေ့ရှိပါတယ်။
 နေ့ စဉ်ရောင်းဝယ်မှု စာရင်းအရ အမေရိကန်ဒေါ်လာ သန်း နှစ်ထောင် ထိရှိပြီး ကမ္ဘာ့ လက်ရှိ အကြီးဆုံးဈေးကွက်ဖြစ်ပါတယ်။ ရင်းနှီးမြုပ်နှံမှု စီးပွားရေးလုပ်ငန်းရှင်အများစုက ဒီ forex ငွေကြေးရောင်းဝယ်မှုနှင့် ပတ်သတ်ပြီး နေ့ စဉ် အားသက်သရောပြောလေ့ ရှိပါတယ်။ 
ဘာလို့ လိုဆိုတော့......
1.အချက် forex ငွေကြေးရောင်းဝယ်ရေးဈေးကွက် က စတော့ရှယ်ယာဈေးကွက်လိုဖွင့်ချိန်ပိတ်ချိန်ရယ်လို့မရှိပဲ လွတ်လပ်စွာ 24 နာရီ လုံးလုံး အချိန်မရွေး အရောင်းအ၀ယ်လုပ်နိင်တယ်။
2.အချက် က အကြွေးဝယ်ခွင့် ပေးခြင်း တို့ ကြောင့် ဖြစ်ပါတယ်။ ဒီအကြွေးဝယ်ခွင့် ဆိုတာကတော့ စီးပွားရေးလုပ်ငန်းရှင်မဟုတ်တဲ့ ငွေကြေးအတော်အတင့်သာရှိတဲ့ လူငယ်များအတွက် ကြီးပွားချမ်းသာဖို့ လမ်းဖွင့် ပေးထားသလိုဖြစ်နေပါတယ်။ ကျွန်တော် ဘာလို့ ဒီလိုပြောလဲဆိုတာဒီဆောင်းပါး ဖတ်ပြီး အဆုံးမှာနားလည်သဘောပေါက်လာပါလိမ့်မယ်။
အကယ်၍ ကိုယ်က ငွေ လေးငါးသိန်းသာရှိပြီး အမြတ်များများရနိုင်တဲ့ စီးပွားရေးရင်းနှီးမြုပ်နံမှု တစ်ခု လုပ်လိုသူ၊ နေ့ စဉ်ပုံမှန်ဝင်ငွေရရှိလိုသူ၊ ပင်ပန်းဆင်းရဲ့ နေပူကျဲတဲမှာ အလုပ်လုပ်စရာမလိုပဲ အင်တာနက်ရှိယုံနဲ့ ကိုယ်အခန်းကကွန်ပျူတာမှာ ငွေရှာလိုသူ၊
Finance ငွေကြေးရင်းနှီးမြုပ်နှံမှု အကြောင်းကို စိတ်ဝင်စားပြီး ကိုယ်တတ်တဲ့ပညာရေးနဲ့ ဘ၀အောင်မြင်ရေးကိုရှာလိုသူ…. ဆိုရင် ဒီဆောင်းပါးက သင့် အတွက် အကြိုးရှိလိမ့်မယ်ကျွန်တော်ယုံကြည်ပါတယ်။
အကောင်းနဲ့ အဆိုး
ဒီငွေကြေးလဲလှယ်ရောင်းဝယ်မှု လုပ်တော့မယ်ဆိုရင် သူ့ ရဲ့ အကောင်းနဲ့ အဆိုးကိုသိထားသင့်ပါတယ်။ ဒီလုပ်ငန်းရဲ့ အကောင်းအများစု၊ အလားအလာများကို ကျွန်တော် အထက်မှာပြောခဲ့ ပါတယ။် ဘယ်လုပ်ငန်းမဆို အကောင်းနဲ့ အဆိုးဆိုတာရှိသည့် အလျှေက် ကျွန်တော့် ရေးသားမှု ဘက်မလိုက်ပဲ၊ ချမ်းသာအောင်မြင်လိုသော လူငယ်များအတွက် ရိုးသားစွာ တင်ပြအပ်ပါတယ်။
အဆိုးများ
ဆုံးရှူံး နိင်မှု ရာခိုင်နှန်း ။ ။ အတက်အကျများသည့်အလျေက်မြတ်သည့် ပမာဏများသည့် အခါများ၍ ရှူံးသည့် အခါတွင်လည်းများနိင်သည်။
နိုင်ငံရေး ဗဟုသုတ။ ။ ငွေကြေးဈေးကွက်သည် နိင်ငံရေးပေါ်တွင် များစွာမှူတည်သည်။ ဥပမာ သင်သည် အမေရိကန်ဒေါ်လာဝယ်သည်ဆိုပါက ဒေါ်လာဈေးအတက်အကျသည် အမေရိကန်နိင်ငံ ၏ နေ့ စဉ်နိင်ငံရေးအပြောင်းအလဲများပေါတွင်များစွာမှူတည်နေသည်ကိုတသိရပါ။
ပညာရေးလိုအပ်ချက်။ ။ ငွေကြေးဈေးကွက် သည် အင်မတန်မှ နက်နဲသည်။ ဒီငွေကြေးဈေးကွက်မှာပါဝင်ဖို့ ငွေကြေးနှင့် ပတ်သတ်သောပညာရပ်များကို နားလည်သဘောပေါက်ဖို့ လိုအပ်သည်။ ကျွန်တော့အနေနဲ့ ဆန္ဒပြုလိုတာကတော့ ငွေကြေးနှင့်ပတ်သတ်သောစာအုပ်များများဖတ်ပါ။ ပညာရပ်မျှဝေသော အင်တာနက်မှ ၀က်ဆိုဒ်များကို လေ့လာပါ။ အစမ်းသဘောအနေနဲ့ အကောင့်ဖွင့် ပြီး ရောင်းဝယ်မှူသဘောတရားများကို လေ့လာပါ Forex.com မှာ အစမ်းသဘောအကောင့် ဖွင့် နိင်ပါတယ်။ ပြီးမှ နားလည်လာပြီ ဆိုမှ ကိုယ့်ငွေနဲ့ စပြီး အရောင်းအ၀ယ်လုပ်ပါ။

အကောင်းများ

ကိုယ်ပိုင်ငွေအနည်းငယ်ဖြင့် ငွေအမြောက်အများရှာနိုင်ခြင်း
ကိုယ်နေတဲ့ နိင်ငံရဲ့ စီးပွားရေးနဲ့ မသက်ဆိုင်သောကြောင့် နိင်ငံစီးပွားရေးကောင်းကောင်းမကောင်းကောင်း မသက်ဆိုင်ပဲ စီးပွားလမ်းဖြောင့်နိင်ခြင်း
မည်သည့် နိင်ငံမှာနေနေ အချိန်မရွေး ရောင်းဝယ်လုပ်နိင်ခြင်း
အချိန်အနည်းငယ် လုပ်ယုံဖြင့် ငွေအမြောက်အများဝင်နိင်ခြင်း

အထက်ပါ အကောင်းအဆိုးများကို လေ့လာပြီး ကိုယ်အနေနဲ့ ဒီ နိင်ငံတကာငွေကြေးဈေးကွက် ကိုဝင်သင့်မ၀င်သင့်ဆုံးဖြတ်ပါ။ အကယ်၍သင် က ကျွန်တော့်လို ဘ၀ကြီးပွားချမ်းသာမှူကိုစိတ်ဝင်စားတဲ့ သူတစ်ယောက်ဆိုရင်၊ ဒါမှမဟုတ် ငွေကြေးပညာရပ်ကို စိတ်ဝင်စားပြီး အပူအပင်မရှိတဲ့ ချမ်းသာတဲ့ ဘ၀ကိုပိုင်ဆိုင်လိုသူဆိုရင် …….. နိုင်ငံတကာငွေကြေးရောင်းဝယ်ရေးဈေးကွက်က ချမ်းသာမှု ဖြတ်လမ်း အောင်မြင်ရေးလမ်းကြောင်းတစ်ခု အဖြစ် တင်ပြအပ်ပါတယ်။
စိတ်ဝင်စားသူများဖို့  ကျွန်တော် အောက်ပါ နိင်ငံတကာငွေကြေးဈေးကွက်ထဲ ၀င် ဖို့ Forex account 
ဖွင့် နည်းကိုရှင်းပြထားပါတယ်။

ငွေအရင်းအနှီးဘယ်လောက်လိုအပ်လဲ?
အစမ်း အကောင့် နဲ့ အရောင်းအ၀ယ်လုပ်ပြီး ငွေကြေးဈေးကွက်အကြောင်းနားလည်လာပြီဆိုရင် ကိုယ်ငွေနဲ့ စပြီး အရောင်းအ၀ယ်လုပ်နိင်ပါပြီ။ ကိုယ်ပိုင်အကောင့်တစ်ခုဖွင့် ဖို့ အတွက် ငွေ ဒေါ်လာ 500 သာလိုအပ်ပါတယ်။ ဒီ forex အရောင်းအ၀ယ်လုပ်ငန်း ရဲ့ အားသာချက်က ငွေချေးပြီး ၀ယ်လို့ ရခြင်းဖြစ်ပါတယ်။ ကိုယ်ဆီမှာ ငွေ 500 ပဲ ရှိတယ်။ ကိုယ်က ဥရောပငွေဈေးတက်မယ်ဆိုတာသိနေတယ်။ 500 ဖိုးဝယ်ထားလို့ 25 ကျပ်လောက်ပဲ မြတ်မဲ့ ကိစ္စကို ၊ ငွေချေးပြီး 10000 တစ်သောင်း ဖိုး ( မြန်မာငွေ သိန်း800 လောက်ကို ငွေ လေး 4 သိန်းလောက်ရှိယုံနဲ့ ) အရောင်းအ၀ယ်လုပ်မယ်ဆိုရင် ပိုမြတ်မှာပေါ့။ ထို့ အတူ ရှူံးရင်လဲပိုရှူံးမှာပေါ့။ forex မှာကောင်းတဲ့ အချက်က ကိုယ်က ငွေ ဒေါ်လာတစ်သောင်းဖိုးချီးထားလို့ ရှုံးရင် ဘယ်တော့မှာ ကိုယ်မှာရှိတဲ့ ငွေ 500ထက်ပိုမရှူံးပါဘူး။ မြတ်ရင်အချီကြီး ရှူံးရင်တော့ကိုယ်အကောင့် ထဲမှာရှိတဲ့ ငွေထက်ပိုမရှုံးတဲ့ အတွက် ဒီ နိင်ငံတကာ ငွေကြေးရောင်းဝယ်မှူ လုပ်ငန်းက လူကြိုက်များရခြင်းပါ။

ကဲ.. စိတ်ကူးယဉ်တာလေးတွေခဏရပ်ပြီး အထက်ကကျွန်တော်ပြတဲ့ အတိုင်း forex အကောင့်ကို ဖွင့် ပြီး ငွေရှာနည်း နည်းလမ်းသစ်ကို လေ့လာလိုက်ကြရအောင်။ ၊၊
ဗဟုသုတတိုး၍ လူငယ်များဘ၀အောင်မြင်ပါစေ ဟုဆန္ဒပြုရင်း ………


ပိုမိုလေ့လာလိုသောသူများအတွက် ဖတ်ရန်စာအုပ်အညွန်း
The 10 Essentials of forex trading
နိုင်ငံတကာငွေကြေးဈေးကွက် ရောင်းဝယ်ရေးမှာကျွမ်းကျင်သူတစ်ယောက်ဖြစ်တဲ့ Martinez သူ့ ရဲ့ ရောင်းဝယ်ရေးနည်းစနစ် 10 ခုအကြောင်းကိုဖော်ပြထားတာပါ။ အင်မတန်မှ အကျိုးရှိပါတယ်။


Getting start in Currency Trading
ငွေကြေးဈေးကွက်ကိုအခုမှစပြီးလေ့လာလိုသူတွေအတွက် အခြေခံမှစပြီး ရှင်းပြထားတဲ့ စာအုပ်ကောင်းတစ်အုပ်ပါ။



Foreign Exchange : a practical guide to FX market
စီးပွားရေးဘောဂဗေဒပညာရှင်တစ်ယောက်ရဲ့ နိုင်ငံတကာငွေကြေးဈေးကွက် မှာ အရောင်းအ၀ယ်အောင်မြင်ရေးနည်းလမ်းများ၊ အခြေခံ ကွာဟချက်များ၊ ဘောဂဗေဒ ညွန်းကိန်းများ၏ ငွေကြေးဈေးကွက်အပေါ်သက်ရောက်ပုံ များကို ရှင်းပြထားပြီး မဖြစ်အနေဖတ်သင့်တဲ့ စာအုပ်တစ်အုပ်ဖြစ်ပါတယ်။

Forex Conquered: High Probability Systems and strategies
အမြတ်များများရတဲ့ နည်းလမ်းကောင်းများကို သူ့ ရဲ့ နှစ် 30 အတွေ့ အကြုံများနဲ့ နိင်းယှဉ်ပြီး တင်ပြထားပါတယ်။ နည်းပညာပိုင်းဆိုင်ရာ ( Technical analysis) ကို လေ့လာလိုသူများအတွက် စာအုပ်ကောင်းတစ်အုပ်ပါ။

Forex Revolution
နိင်ငံတကာငွေကြေးရောင်းဝယ်ရာမှာ ဆောင်ရန် ရှောင်ရန်များ၊ အခြား ရင်းနှီးမြုပ်နှံမှူ နည်းများဖြစ်တဲ့ options, futures, swaps အကြောင်းများကိုတင်ပြထားတဲ့ စာအုပ်ပါ။


foreign currency trading
ဒါကတော့ forex အကြောင်းကို အခြေခံမှစပြီး သေချာလေ့လာလိုသူများအတွက် စာအုပ်ကောင်းတစ်အုပ်ပါ။ ရှင်းလင်းလွယ်ကူတဲ့ အင်္ဂလိပ်အသုံးအနန်းများနဲ့ ဥပမာများသုံးပြီး နည်းစနစ်များကို အလွယ်တကူ လေ့လာနိင်အောင်တင်ပြရေးသားထားတဲ့ စာအုပ်ကောင်းတစ်အုပ်ပါ။


သင့်အတွက်အကျိုးရှိတယ်ဆိုရင် မိတ်ဆွေသူငယ်ချင်းများကို မျှဝေပါ။


လေ့လာမိသမျှ တွေ့ရှိမိသမျှ စုဆောင်းတင်ပြရင်း
အားလုံး လိုအင်ဆန္ဒတွေနဲ့ ပြည့်စုံကြပါစေ။
ကျွန်တော်ဘလော့လေးသို့ လာရောက်လည်ပတ်သူအားလုံး
ကိုယ်စိတ်နှစ်ဖြာ ချမ်းမြသာယာရှိကြပါစေ။

2 comments:

  1. post ကိုဖက်ခွင့်ရတဲ့ အတွက် ကျေးဇူးတင်ပါတယ်
    buyb& sell အတွက်ခန့်မှန်းနည်းလေတေပါ တင်ပေးရင်
    ပိုကောင်းပါမယ်

    ReplyDelete
  2. All forex trades contain currencies because you're betting on the cost of a currency against any other. Consider eur/usd, the most-traded forex pair within the international. Eur, the first foreign money inside the pair, is the bottom, and usd, the second, is the counter. While you see a charge quoted in your platform, that price is how lots one euro is really worth in us greenbacks. You usually see expenses due to the fact one is the purchase charge and one is the promote. The difference among the 2 is the spread. When you click on purchase or promote, you're buying or selling the first foreign money inside the pair.Let's consider you suspect the euro will increase in fee against america greenback. Your pair is eur/usd. For the reason that euro is first, and you observed it will pass up, you purchase eur/usd. If you suppose the euro will drop in value against the us dollar, you promote eur/usd.If the eur/usd buy rate is 0.70644 and the promote charge is zero.70640, then the spread is 0.4 pips. If the exchange actions for your desire (or in opposition to you), then, after you cowl the unfold, you could make a profit (or loss) in your change.
    top forex signal provider
    Forex Signals

    ReplyDelete