Sunday, March 20, 2016

တယ်လီနောမှ အလကားပေးလိုက်တဲ့ Cloud Storage (သို့မဟုတ်) Capture Application


Author: Aung Ko Htet October 26, 2015
Android OS application များ, iOS application များ, Latest Posts, mobile knowledge
အခုနောက်ပိုင်းမှာ စမတ်ဖုန်း ထုတ်လုပ်တဲ့ ကုမ္ပဏီ တွေအနေနဲ့ Storage ပမာဏကို Built In ထည့်သွင်းပေးပြီး ထုတ်လုပ်ကြသလို အချို့ စမတ်ဖုန်းထုတ်လုပ်တဲ့ ကုမ္ပဏီ တွေက နောက်ထပ် Memory ကဒ် ထပ်ထည့်အသုံးပြုနိုင်အောင် ဖန်တီးထုတ်လုပ်ထားကြပါတယ်။ Memory ထပ်တိုးလို့ရတဲ့ စမတ်ဖုန်းတွေအနေနဲ့ ကိစ္စအထွေအထူးမရှိပဲ မိမိဖုန်းအတွင်းရှိ Storage ပမာဏ ပြည့်သွားရင် အလွယ်တကူ နောက်ထပ် Memory ကဒ်ထည့်ကာ အသုံးပြုနိုင်ပါတယ်။ ဒါပေမဲ့ Storage ကို ဖုန်းအတွင်းမှာသာ Built In ထည့်သွင်းပေးထားတဲ့ စမတ်ဖုန်းတွေအနေနဲ့ကတော့ အနည်းငယ် အခက်ခဲဖြစ်ပေါ်စေပါတယ်။
ဒီလို အခက်အခဲတွေအတွက် တယ်လီနောမှ အွန်လိုင်းတွင် မိမိတို့၏ ဓါတ်ပုံ ၊ ဗီဒီယိုများကို သိမ်းဆည်းနိုင်မည့် Storage တစ်ခုကို မိတ်ဆက်ပေးခဲ့ပါတယ်။ မိမိဖုန်းမှာ အရေးတစ်ကြီး Storage ပမာဏလိုအပ်လာပါက Capture Application ကို အသုံးပြုကာ register ပြုလုပ်ပြီး အကောင့်တစ်ခုစာအတွက် 20 GB ရယူနိုင်ပါတယ်။ အဆိုပါ Cloud Storage မှာ မိမိဖုန်းအတွင်းရှိ ဓါတ်ပုံများ ၊ ဗီဒီယိုဖိုင်များကို သိမ်းဆည်းထားနိုင်ပြီး မိမိလိုအပ်ပါက Download ပြုလုပ်ကာ ရယူနိုင်မှာဖြစ်ပါတယ်။ နိုင်ငံခြားမှ ဝန်ဆောင်မှုပေးနေသည့် Cloud Storage များဖြစ်တဲ့ Media Fire ၊ Dropbox ၊ Google Drive ၊ One Drive စတဲ့ Cloud Storage များနှင့် ပုံစံတူဖြစ်ပါတယ်။
Telenor ရဲ့ Capture Application ဟာ မြန်မာနိုင်ငံရဲ့ ပထမဦးဆုံးသော တရားဝင်ထုတ်ပြန်ကြေငြာတဲ့ Cloud Storage Application တစ်ခုဖြစ်ပြီး iOS နှင့် Android နှစ်မျိုးစလုံးမှာ အသုံးပြုနိုင်တဲ့ Cloud Storage Application တစ်ခုဖြစ်ပါတယ်။ Capture ကို ရယူလိုပါက Android အတွက် Google Play Store နှင့် iOS အတွက် App Store တို့မှာ Download ရယူကာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။
Ref : Telenor

No comments:

Post a Comment