မင်္ဂလာပါ သည်နေ့တင်တဲ့ နည်းလမ်းလေးကတော့... ဘလော့ကာတိုင်း စိတ်ဝင်တစား ရှိတတ်ကြတဲ့
Menu ဆိုတဲ့ ခေါင်းစဉ် တစ်ခုပါဘဲ... ခုခေတ်စားနေတာက menu တွေကို dropdown လေးတွေနဲ့
ဖန်တီးကြတာပါဘဲ... သည်နေရာမှာ အော်တိုပါတဲ့ တက်ပလက်တွေ သုံးတဲ့ခါ ပြဿနာ မရှိပေမယ့်
နည်းလမ်းတွေများစွာ ရှိပါတယ် ဒါပေမယ့် ကျနော့် အေတွ့အကြုံအရ မူရင်းတက်ပလက်တွေမှာ
ထည့်ယူရတဲ့ dropdown menu တွေ အတော်များများအဆင်မပြေတာ တွေ့ရတယ်... တင်လိုက်ရင်
dropdown တွေက တက်ပလက် အထဲဝင်နေတာ တွေ ဖြစ်တတ်ပါတယ်...သည်နည်းလမ်းလေးကတော့
ဘလော့ကာ စလုပ်တဲ့ သူတွေအတွက် ပိုအသုံးဝင်ပါတယ်... လွယ်ကူလို့ပါ...ကဲ အောက်မှာ ထည့်နည်းနဲ့
တင်ပေးလိုက်ပါတယ်နော်... လိုအပ်တဲ့ ကုဒ်တွေကို ယူပြီးသုံးလိုက်ပါ...
သည်ထဲမှာ dropdown menu အရေအတွက် ( ရ ) ခုထိ လုပ်ပေးထားပါတယ်...မလိုအပ်ရင် ဖြုတ်နိုင်သလို လိုအပ်ရင် ထပ်တိုးနိုင်ပါတယ်... အဆင်မပြေတာရှိ ချက်ဘောက်မှာ စာချန်ခဲ့ပါ..
စမယ်နော်.....
►1. Login လုပ်လိုက်ပါ ဘလော့ကာကို
►2. Layout ကိုကလစ်ရပါ့မယ် မိမိတို့ Dashboard ကနေပေါ့
►3. Add a Gadget ကိုကလစ်ပေးလိုက်ပါ
►4. HTML/Javascript. ကိုကလစ်ပြီး ကျလာတဲ့ ဘောက်လေးထဲမှာဘဲ
►5. အောက်ကပေးထားတဲ့ ကုဒ်တွေကို ကော်ပီယူ ထည့်လိုက်ပါ
ကုဒ်ထဲက အမည်တွေကို စိတ်ကြိုက် ပြုပြင် နိုင်ပါတယ်နော် ထည့်တဲ့အခါမှာ မျက်စိလည်ပါ့မယ်...
ပင်မ ခေါင်းစဉ် အမည်နဲ့ သူ့ရဲ့ ခေါင်းစဉ် အပွားတွေက တနေရာတည်းရှိမနေပါဘူးနော်... အဲတာလေးသတိပြု စေလိုပါတယ်....
လင့်ချိတ်ဖို့ကတော့ labels တွေထည့်ပေးရပါမယ် ထည့်နည်းမသိပါက သည်မှာ လေ့လာပါ
ထည့်ပြီး လေဘယ်တွေနဲ့ မိမိတပ်ထားသော ခေါင်းစဉ် လင့်ချိတ် နည်းမသိပါက သည်မှာ လေ့လာပါ
ညီနေမင်း ဘလော့မှ ကူးယူတင်ပြခြင်းဖြစ်ပါတယ်။
လာရောက်လည်ပတ်သူအားလုံး ချမ်းမြသာယာ ရှိကြပါစေ။
No comments:
Post a Comment