Sunday, February 14, 2016

YOGA Clock - ဘလော့မှာ သရဲခြောက်ကောင် နာရီလေး တပ်ထားချင်တဲ့ Blogger များအတွက်


ဒါလေးကတော့ မနေ့က Photoshop cs6 တင်နေတုန်း အားနေတာနဲ့ နိုင်ငံခြားဆိုဒ်တွေ လျှောက်ပါတ်ကြည့်ရင်း တွေ့ခဲ့တဲ့ နာရီဒီဇိုင်းလေး သဘောကြလို့ Blogger မိတ်ဆွေများအတွက် ပြန်လည် မျှဝေလိုက်ပါတယ်..။ မြန်မာဆိုဒ်တွေမှာ ဒီလို ထူးထူးဆန်းဆန်းလေးတွေ မတွေ့မိသေးဘူး..။ ဒါလေးကို မြင်မြင်ချင်း သဘောကျလို့ ကြည့်ရင်းကြည့်ရင်းနဲ့ကို ကြည့်လို့ကောင်းလာတာ.. သရဲလိုလို၊ လူလိုလို အကောင်လေးတွေ Yoga အကနဲ့ နာရီပုံဖေါ်နေတာ တကယ်လန်းတယ်..။ ကျနော့်ဆိုဒ် မလေးရှားစံတော်ချိန် နေရာမှာ တင်ကြည့်တော့ အဆင်ပြေနေပြန်ရော.. အပေါ်ဆုံး ပုံမှာပြထားသလို ကနော့်ဆိုဒ်ကို ဝင်လိုက်တာနဲ့ သရဲခြောက်ကောင် (သရဲလို့ပဲ ခေါ်တော့မယ်) အပေါ်ကနေ ဆင်းလာပြီး Yoga နဲ့ကတော့တာပဲ.. နာရီ၊ မိနစ်၊ စက္ကန့် နှစ်ကောင်စီနဲ့ နောက်ဆုံးကောင်က ပိုကရတယ်..။ တကယ်ကြည့်လို့ကောင်းတယ်..။
Blogger မိတ်ဆွေများ ဒီလို Yoga အကနဲ့ နာရီလေးလိုချင်ရင် အောက်က HTML ကုဒ်တွေကို copy ကူးယူပြီ.. Design, Add a Gadget, HTML/JavaScript ထဲကို ထည့်ပေးပြီ.. Save လိုက်ရင်.. မိမိတို့ရဲ့ ဘလော့မှာ Yoga ကနေတဲ့ သရဲခြောက်ကောင် နာရီလေး ပေါ်လာပါလိမ့်မယ်..။ အောက်မှာ HTML ကုဒ်၂ခုပေးထားတဲ့ ထဲက တခုကိုပဲ ထည့်ပေးရမှာပါ..။ သူ့ရဲ့မူရင်း ဝဘ်ဆိုဒ်ကို ကြည့်ချင်ရင်တော့ အောက်ဆုံးက ကောင်လေးကို နှိပ်ပြီး ဝင်သွားလိုက်ပါ.. ကျနော့် ဘလော့ဘေးက မလေးစံတော်ချိန် ကနေလည်း ဝင်သွားကြည့်လို့ ရပါတယ်..။ ဂျပန်စာတွေနဲ့ ရေးထားတဲ့ ဂျပန်ဝဘ်ဆိုဒ် တခုပါ..

HTML (1)
<script charset="Shift_JIS" src="http://chabudai.sakura.ne.jp/blogparts/honehoneclock/honehone_clock_tr.js"></script>

HTML (2)
<script charset="Shift_JIS" src="http://chabudai.sakura.ne.jp/blogparts/honehoneclock/honehone_clock_wh.js"></script>

မူရင်းဝဘ်ဆိုဒ်

No comments:

Post a Comment