PerfectMoney အသုံးပြုနည်း၊ Paidverts မှ ငွေထုတ်နည်း၊ မြန်မာငွေ လဲလှယ်နည်း
PerfectMoney အသုံးပြုပုံကို Paidverts အသုံးပြုသူတိုင်းအတွက် လွယ်ကူအဆင်ပြေအောင်ကိုထက်နိုင်လင်း (ITHelper) တင်ပေးထားတဲ့ PDF ဖိုင်မှ ကူးယူဖြည့်စွက် ဖော်ပြပေးလိုက်ပါသည်။
Perfect Money ဆိုတာ အွန်လိုင်းငွေပေးချေမှုစနစ် ၀န်ဆောင်မှုတစ်ခုဖြစ်ပါတယ်။
အွန်လိုင်းပေါ်မှာ ငွေကြေးလဲလှယ်မှု ၀န်ဆောင်မှုပေးနေတဲ့ ကုမ္ပဏီတွေ အများကြီးရှိပါတယ်။
PayPal, Payza, Perfect Money, EgoPay စသည်ဖြင့် အများကြီးရှိပါတယ်။
ဒီအထဲက မြန်မာပြည်မှ IP Address ဖြင့်အလွယ်တကူဆောင်ရွက်လို့ရပြီး၊
Paidverts တွင် ငွေထည့်ခြင်း၊ ငွေထုတ်ခြင်းများကို အဆင်ပြေစွာဆောင်ရွက်နိုင်သော
Perfect Money အကောင့်ဆောက်ခြင်းကို လူတိုင်းတတ်ကျွမ်းနားလည်နိုင်အောင် ပုံများ၊ စာများဖြင့်
အသေးစိတ် တင်ပြပေးလိုက်ပါတယ်။
Perfect Money အကောင့်အသစ်ဆောက်ရန် ဒီမှာ ကလစ်ပါ။
ဒီနေရာမှာ မှတ်ထားစရာလေးတွေပြောပါမယ်။
Perfect Money အကောင့်ဆောက်မယ့် Email နဲ့ Paidverts အကောင့်ရဲ့ Email တွေဟာ တူရပါမယ်။
Password ဖြည့်ရင် စာနဲ့ ဂဏန်း နှစ်မျိုးစလုံး ပါအောင်ရေးပါ။ (ဥပမာ- 123aungzawpaing)
အောက်က ပုံ No.1 မှာ ပြထားတဲ့အတိုင်း ဖြည့်ပါ။

အားလုံး ပြည့်စုံမှန်ကန်တယ်ဆိုရင် အောက်ကပုံလို Welcome! ဆိုပြီးပေါ်လာမှာဖြစ်ပါတယ်။
စာထဲမှာ Perfect Money ရဲ့ Member ID ကို မိမိအကောင့်ဆောက်စဉ်က ဖြည့်ခဲ့တဲ့ Email ထဲကို ပို့လိုက်ပြီဆိုတဲ့အကြောင်းရေးထားတာတွေ့ရမှာဖြစ်ပါတယ်။

Member ID ဆိုတာ Perfect Money ကို login ၀င်တဲ့အခါမှာ သုံးတဲ့ ဂဏန်းနံပါတ်ဖြစ်ပါတယ်။
ဒီနေရာမှာ အနည်းငယ်ရှင်းပြချင်ပါတယ်။
အခြား Gmail၊ Facebook တွေဟာ အကောင့်ကို Login ၀င်တဲ့အခါမှာ သုံးတာ User Name (Or)
Account Email ဖြစ်ပါတယ်။ Perfect Money မှာတော့ အကောင့် Login ၀င်တဲ့အခါမှာ Member ID ကိုအသုံးပြုပါတယ်။ ဒါ့ကြောင့် မိမိရဲ့ Member ID ကို အသေချာ မှတ်ထားဖို့လိုပါလိမ့်မယ်။
Member ID ကို မိမိအကောင့်ဆောက်စဉ်က ဖြည့်ခဲ့တဲ့ Email ထဲမှာ သွားကြည့်ရမှာဖြစ်ပါတယ်။
တစ်ချို့က Mail ထဲမှာ ရှာမတွေ့ဘူး၊ ရောက်မလာဘူးပြောကြပါတယ်။
အဲ့လိုဖြစ်လာရင် မိမိရဲ့ Email မှန် မမှန်ပြန်စစ်ပါ။ Email လည်းမှန်တယ်၊ Mail Inbox ထဲမှာမတွေ့ဘူး ဆိုရင် Spam Box ထဲမှာသွားကြည့်ပါ။ ဒါမှမတွေ့ရင် All Mail ထဲမှာသွားစစ်ကြည့်ပါ။
တွေ့ရပါလိမ့်မယ်။ အောက်က ပုံနံပါတ် ၃ ကိုကြည့်ပါ။

ဒါဆို PerfectMoney အကောင့်ဆောက်ခြင်း ပြီးဆုံးသွားပါ့ပြီ။
အကောင့် Login ၀င်ရန် https://perfectmoney.is/login.html ကိုနှိပ်ပါ။


ကဲ အခုဆို PerfectMoney အကောင့်တစ်ခုရပြီဆိုတော့ Paidverts ကနေ ငွေထုတ်လို့ရပါပြီ။
Paidverts အကောင့်ထဲဝင်လိုက်ပါ။
ငွေထုတ်ရန် Your Navigation Panel အောက်က Cashout Earnings ကိုနှိပ်လိုက်ပါ။
ကိုယ်က Perfect Money နဲ့ငွေထုတ်မှာဖြစ်တဲ့အတွက် အရင်ဆုံး
Paidverts Balance (PV Earnings Balance) ထဲကနေ Perfect Money ထဲကိုငွေအရင်လွှဲပြောင်း
ရပါမယ်။
ဒါ့ကြောင့် Transfer Your 'Earnings Balance' အောက်က အကွက်လေးထဲမှာ Transfer From ဆိုတဲ့
နေရာမှာ PV Earnings Balance ကိုရွေးချယ်ရမှာဖြစ်ပြီး Amount ဆိုတဲ့ အကွက်လေးထဲမှာ ကိုယ်ငွေ
ထုတ်ချင်တဲ့ ပမာဏကို ထည့်ပါ။ ပြီးလျှင် Transfer To ဆိုတဲ့အကွက်လေးထဲမှာ Perfect Money ကိုရွေး
ပေးလိုက်ပါ။ Date of Birth ဆိုတဲ့နေရာမှာ မိမိ Paidverts အကောင့်ဆောက်စဉ်က ဖြည့်ခဲ့တဲ့ မွေးနေ့
ကိုထည့်ပေးရမှာဖြစ်ပါတယ်။
အားလုံး ပြည့်စုံပြီဆိုရင် Submit ကိုနှိပ်လိုက်ပါ။
အောက်ကပုံနံပါတ် (၆) ကိုကြည့်ပါ။

ဒါဆိုရင် Success လို့ ပေါ်လာမှဖြစ်ပြီး Paidverts ထဲက Perfect Money Balance ထဲကိုရောက်ရှိသွား
ပြီဖြစ်ပါတယ်။ ဒါပေမယ့် Perfect Money အကောင့်ထဲကိုရောက်တစ်ခါတည်း တန်းပြီးရောက်သွားမှာ
မဟုတ်ပါဘူး။ Paidverts ထဲမှာပဲရှိသေးတာပါ။
ပုံနံပါတ် (၇) ကိုကြည့်ပါ။
အခုဆို မိမိရဲ့ Perfect Money ထဲကို ငွေထုတ်ဖို့ အဆင်သင့်ဖြစ်နေပါပြီ။
ငွေထုတ်ရန် PM ဘေးက Cashout ကိုနှိပ်ပါ။ ဒါဆို အောက်ကပုံ (၈) အတိုင်း မိမိရဲ့ Perfect Money
အကောင့်တောင်းတာပေါ်လာပါလိမ့်မယ်။
အဲဒီအကွက် နှစ်ကွက်ထဲမှာ မိမိရဲ့ Perfect Money US Dollar ID ကိုဖြည့်ပေးလိုက်ပါ။
ပြီးရင် Save ကိုနှိပ်လိုက်ပါ။

ဒါဆိုရင် ခုနက ပုံကိုပြန်ရောက်သွားပါလိမ့်မယ်။ PM ဘေးက Cashout ကို ပြန်နှိပ်လိုက်ပါ။
ပြီးရင် Perfect Money Cashout Funds ထဲမှာ အောက်ကပုံ (၉) အတိုင်း ဖြည့်စရာရှိတာ ဖြည့်ပြီးရင်
Submit ကိုနှိပ်လိုက်ပါ။

ဒါဆို Perfect Money ထဲကို ငွေထုတ်ပြီးတဲ့အကြောင်းရေးထားတဲ့ Cashout Form ပုံစံကို အောက်ကပုံ (၁၀) အတိုင်းတွေ့ရမှာဖြစ်ပါတယ်။

ပြီးလျှင် Back To Cashier ကိုနှိပ်ပါ။ ဒါဆိုရင် မိမိငွေထုတ်ထားတယ်ဆိုတဲ့အကြောင်း
Pending Transactions မှာ တွေ့ရမှာဖြစ်ပါတယ်။ ဒီငွေဟာ ၇ ရက်အတွင်း မိမိရဲ့ Perfect Money ထဲကို
ရောက်လာမှာဖြစ်ပါတယ်။ ပျမ်းမျှကတော့ ၁ရက် ကနေ ၂ရက်လောက်သာ ကြာပါတယ်။
မိမိရဲ့ PM ထဲကို ငွေရောက်သွားပြီဆိုရင် Pending Transactions အောက်ကစာလိုမျိုး
Complete Transactions အောက်မှာ ပေါ်လာမှာဖြစ်ပါတယ်။
အောက်က ပုံ (၁၁) မှာ ကြည့်ပါ။

မိမိရဲ့ Perfect Money အကောင့်ကိုဖွင့်ပြီး မိမိငွေရောက်၊ မရောက်ကြည့်လိုက်ပါ။
ရောက်လာပြီဆိုရင်တော့အောက်ကပုံ (၁၂) လို တွေ့ရမှာ ဖြစ်ပါတယ်။

အခုဆို Paidverts ကနေ Perfect Money ဆီကို ငွေထုတ်ပြီးပြီဆိုတော့ မြန်မာငွေအဖြစ် ထုတ်လို့ရပါပြီ။
ဘယ်မှာ ထုတ်ရမှာလဲဆိုတော့ ကိုထက်နိုင်လင်း (Myanmar IT Helper -Ph- 09 420 700 582 )
ဆီမှာ ထုတ်ရမှာဖြစ်ပါတယ်။ သူရဲ့ Facebook ကတော့https://www.facebook.com/Ithelper.uvs
ဖြစ်ပါတယ်။ Facebook Group ကတော့
https://www.facebook.com/groups/1454658108151617/ ဖြစ်ပါတယ်။
မြန်မာငွေလဲလှယ်ထုတ်ယူရန် မိမိရဲ့ PM Dollar ကို ကိုထက်နိုင်လင်း ရဲ့ PM အကောင့်ထဲကို
အရင်လွှဲရပါမယ်။ ပြီးမှ သူက ရောက်လာတဲ့ Dollar ကို မြန်မာငွေနဲ့တွက်ချက်ပြီး ကိုယ့်ကိုပြန်ပေးမှာဖြစ်ပါတယ်။
မိတ်ဆွေတို့ကို အကြုံတစ်ခုပေးချင်ပါတယ်။ အွန်လိုင်းမှာ ငွေရှာပြီး ရလာတဲ့ Dollar တွေကို မြန်မာငွေ
အဖြစ်ပြောင်းလဲ ထုတ်ယူဖို့ ၀န်ဆောင်မှု့ပေးနေတဲ့အဖွဲ့တွေ၊ လူတွေ အများကြီးပါ။
သူတို့တွေဆီမှာ မိမိရဲ့ Dollar ကို မြန်မာငွေအဖြစ် မထုတ်ခင်မှာ သူတို့ရဲ့ အကြောင်းကို အသေးစိတ် အရင်လေ့လာသင့်ပါတယ်။ ယုံကြည်ရတဲ့သူတွေရှိသလို လူလိမ်တွေလည်း အများကြီးပါ။
မိမိ အချိန်ကုန်၊ ငွေကုန် အပင်ပန်းခံပြီးတော့ ရှာလို့ရလာတဲ့ငွေတွေကို သူတစ်ပါးဆီ အလွယ်တကူ မလွှဲသင့်ပါဘူး။
ဒါ့ကြောင့် မိမိရဲ့ Dollar တွေကို ၀န်ဆောင်မှုပေးတဲ့သူဆီ အရင်မလွှဲခင် သူရဲ့ အကြောင်းအရင်လေ့လာပါ။
Phone အရင်ဆက်ပြီး အကျိုးအကြောင်းမေးပါ။ Facebook အကောင့်ရှိရင် ၀င်ရောက်လေ့လာကြည့်ပါ။
နီးစပ်ရာလူတွေဆီမှာ သူ့ရဲ့အကြောင်းအရင်စုံစမ်းပါ။ ကိုယ်က စိတ်ချရပြီ ထင်မှ သူနဲ့ အလုပ်လုပ်ပါလို့ အကြံပေးချင်ပါတယ်။
ကျွန်တော့် အယူအဆအရ ပြောရရင် အွန်လိုင်းငွေလဲလှယ်မှု ၀န်ဆောင်မှု့ ပေးတဲ့သူတွေမှာ
1- Phone Number ရှိပါတယ်။
2- Bank Account ရှိပါတယ်။
3- Facebook Page (or) Facebook Account ရှိပါတယ်။
4- MyanPay Account ရှိပါတယ်။
ဒါတွေထဲက အနည်းဆုံး ၃ခုလောက်ရှိမှ ငွေလွှဲသင့်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့
Bank Account (Or) MyanPay Account လုပ်မယ်ဆိုရင် Phone No နှင့် မှတ်ပုံတင်လိုပါတယ်။
ဒါကြောင့် မိမိ အလိမ်ခံရရင်တောင် မှတ်ပုံတင် ၊ ဖုန်း တွေကနေ သူ့နောက်ကြောင်း လိုက်လို့ရမှာပါ။
ဟုတ်ပါပြီ။ ကျွန်တော်တို့ ငွေလွှဲတဲ့ဆီ ပြန်သွားလိုက်ရအောင်။.....။
မိမိရဲ့ Perfect Money က ဒေါ်လာကို မြန်မာငွေအဖြစ် ပြောင်းလဲ ထုတ်ယူချင်တယ်ဆိုရင်
အရင်ဆုံး ကိုထက်နိုင်လင်းရဲ့ ဖုန်းနံပါတ်ဖြစ်တဲ့ Ph- 09 420 700 582 ကိုအရင်ဖုန်းဆက်ပြီး ငွေလဲဖို့ ဘယ်လိုဘယ်ပုံ လုပ်ကိုင်ရမယ်ဆိုတာကို အရင်မေးပါ။ သူညွှန်ကြားတဲ့အတိုင်းသာ ဆောင်ရွက်ခြင်းဖြင့်
ငွေလဲမှုကိစ္စ ပြီးမြောက်နိုင်မှာပါ။
ကျွန်တော်အသေးစိတ်ကို မရေးပြသေးပါဘူး။
ဘာကြောင့်လဲဆိုတော့ Perfect Money ကို ကိုထက်နိုင်လင်းဆီက ၀ယ်ဘဲဝယ်ဖူးသေးပါတယ်။
မြန်မာငွေအဖြစ် ကျွန်တော်ကိုယ်တိုင် မထုတ်ဖူးသေးလို့ပါ။ ရသမျှဒေါ်လာကို Paidverts ထဲကို Point ပြန်ဝယ်ထည့်ပြီး Group တက်အောင်လုပ်နေလို့ပါ။ ဒါ့ကြောင့် ကျွန်တော်ကိုယ်တိုင် မလုပ်ဖူးသေးဘဲနဲ့ ချမရေးပြချင်သေးပါဘူး။
နောက်မှ ငွေထုတ်ပုံ အသေးစိတ်ကို ချပြပါ့မယ်။
MyanPay အကောင့်ဆောက်ပုံ၊ ဘဏ်နဲ့ချိတ်ဆက်ပြီး ငွေဝယ်၊ ငွေထုတ် နည်းများကို
နောက်ပိုင်းမှာ အသေးစိတ်တင်ပြပေးသွားမှာ ဖြစ်ပါတယ်။
အခုတော့ ဒီလောက်နဲ့ပဲ ရပ်လိုက်ပါမယ်။
အားလုံး စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာကြပါစေ။
ကျွန်တော် ဒိုးကလေးပါ။
No comments:
Post a Comment