ကဲ ဘလော့ခရီးသည်ရဲ့ ဘလော့မိတ်ဆွေအပေါင်းတို့ဗျားးးးးး သည်နေ့တော့ မင်္ဂလာသတင်းလေးလို့လဲ ပြောလို့ရပါမယ်... နောက်..မကောင်းသောအတတ်ပညာကို သင်ပေးတယ်လို့လဲ ဆိုနိုင်ပါတယ်....ေိေိ...ဘာဖြစ်ဖြစ် ပညာဆိုတာ ထိန်ချန်မထားအပ်ဘူးလို့
ဆိုရိုးစကားရှိတယ်မလား တတ်သည့်ပညာ မျှေဝခြင်းကလည်း မင်္ဂလာတပါးလို့ ဆိုရမယ်ပေါ့..အဟိ
မကောင်းတာသင်မယ့်လူက တရားသဘောတွေပါနေပြီ... မကောင်းတာဆိုပေမယ့် ကောင်းပါတယ်ဗျာ
ဒါလေးက ဘလော့ကာ အသစ်လေးတွေအတွက် အထူး လက်ဆောင်ပါ...
ဘာလဲဆိုတော့ တခြားပညာရှင်များရဲ့ ဘလော့ပေါ်က အလှဆင်ထားတဲ့ ပုံလေးတွေ ဆိုဒ်ဘားက ဒီဇိုင်းလေးတွေ နောက် မိမိဘလော့ကိုပြုပြင်တဲ့နေရာမှာလဲ...အရမ်းအသုံးဝင်ပါတယ်.... ကိုယ်ပြုပြင်
လိုတဲ့ နေရာတွေကိုသည်နည်းလေးနဲ့ ရှာပြီး Html မှာ ကိုယ်လိုအပ်သလို အစားသွင်းအလှဆင်နိုင်လို့ပါဘဲ.....
ပုံလေးတွေနဲ့ သေခြာရှင်းပြထားပါတယ်.... သည်နေရာမှာ ဘလော့ခရီးသည်ရဲ့ အပေါ်က ပုံကြီးကို
အဆင့် (၁)..... အဆင့်-၁ အနေနဲ့... မိမိတို့ လိုခြင်သော ဘလော့ကိုဝင်လိုက်ပါ အဲဘလော့ရဲ့
လိပ်စာရှေ့က လိုဂိုလေးကို ကလစ်ပါ...ဘောက်လေးတစ်ခုကျလာမယ်... အဲမှာ more information ဆိုတာဆက်ကလစ်လိုက်ပါ။
အဆင့် (၂) သည်
အဆင့်ကျတော့...ဘောက် ဇယားကြီးတစ်ခုကျလာပါပြီ.. အဲထဲက Media ဆိုတာ
ကိုကလစ်ရမှာဖြစ်ပါတယ်...အဲတာဆို မိမိတို့လိုခြင်သော လင့်များ ကုဒ်များကို ရှာဖွေနိုင်
မှာဖြစ်ပါတယ်...
အဆင့် (၃) ဒါကတော့ နောက်ဆုံးအဆင့်ဆိုပါတော့....အဲထဲမှာဘဲ ပုံပြထားသလိုပါ တခုချင်းရှာဖွေ
ခိုးယူ အဲလေ.... လေ့လာနိုင်ပါတယ်လို့ ပြောလိုပါတယ်... မိမိတို့ တခုချင်းကလစ်တာနဲ့
ကလစ်တဲ့လင့်ဆိုင်ရာ ပုံလေးတွေဟာာအောက်မှာ ပြနေပါတယ်..ကိုယ်လိုခြင်တဲ့ပုံရောက်တာနဲ့ အဲလင့်ကို ကူးယူု အသုံးပြုနိုင်ပါပြီ..... အားလုံး အဆင်ပြေကြပါစေ..မခိုးတတ်ပါက...ဟုသည်ပါးစပ်... မလုပ်တတ်ပါက
အော်ခဲ့ပါနော်...ေိေိ...ဗျဲ.......
အဆင်ပြေပါစေ
မိမိဘလော့ ပြဲုပင်ရာမှာ အရမ်းအသုံးဝင်ပြီး မြန်ဆန်စေပါတယ်...

No comments:
Post a Comment