မေးထားတဲ့အမတစ်ယောက်လည်းရှိလို့ပါ...ကဲ့စလိုက်ကြရအောင်နော်...:)
(၁) ပထမဆုံးအနေနဲ့ Fan page ဖွင့်ဖို့ ဒီမှာ ၀င်လို်က်ပါ။
ပြီးရင်အဲ့ထဲမှာ Page ဖွင့်ဖို့ အမျိုးစား (၆) ခုရှိပါတယ် ကိုယ်ဖွင့်မယ့် Page အမျိုးစားကိုရွှေးလိုက်ပါ
ကျွန်တော်ကတော့ ကဗျာ Page တစ်ခုဖွင့်ပြပေးသွားမှာပါ။ Ok နော်ဆက်သွားကြအောင်
အောက်က ပုံလေးမှာ မြင်ရတဲ့အတိုင်း အနီဝိုင်းထားတဲ့အကွပ်လေးမှာ.. မိမိပြုလုပ်မယ့် Page နာမည်ကိုထည့်ပေးလိုက်ပါ။
ကျွန်တော်ထည့်ပေးထားတာ My Poems ပါ အဲ့နေရာမှာ I agree to facebook Pages Terms ရှေ့က ဘောက်လေးမှာ အမှန်ခြစ်လေးပေးလိုက်ပါဦးဗျာ
ကျွန်တော်ကျန်ခဲ့လို့ပါ...:) ပြီးရင်တော့ Get Started ပေါ့...
(၂) အောက်ကပုံလေးကို ထပ်ကြည့်လိုက်ပါဦး...
(1) မှာ Info လေး ကိုယ်ထည့်ချင်ရာထည့်ပေးလိုက်ပါ..
(2) မှာ မိမိပြုလုပ်ထားတဲ့ ဆိုဒ် ရှိရင်ထည့်ပေးလိုက်ပါ မရှိရင်မထည့်ခဲ့ပါနဲ့ ဒီတိုင်းထားခဲ့လဲ ရပါတယ်။
(3) မှာ အနီဝိုင်းထားတဲ့အကွက်မှာ မိမိရဲ့ URL လိပ်စာထည့်ပေးရမှာပါ ဥပမာ - mypoems လို့ထည့်ခဲ့ရင်
မိမိရဲ့ Facebook Page / URL လေးက www.facebook.com/mypoems ဆိုပြီးရရှိမှာဖြစ်ပါတယ်။
မှတ်ချက်၊ ၊ URL နာမည်တူများရှိရင်မရပါဘူး နာမည်ပြောင်းပေးလိုက်ပါ အဆင်ပြေသွားပါလိမ့်မယ်...
အားလုံးဖြည့်ပြီးသွားရင်တော့ Save Info ပေါ့

(၃) ဒီအဆင့်က Profine Picture ထည့်ခိုင်းတာပါ ကိုယ့်မှာရွေးချယ်ထားတဲ့ပုံရှိရင်ထည့်ပြီး
Save Phote ကိုနှိပ်လိုက်ပါ ပုံမရွေးချယ်ရသေဘူးဆို Skip ကိုနှိပ်ပြီးကျော်သွားလိုက်ပါ ပြဿနာမရှိပါဘူး
နောက်မှထည့်လည်းရပါတယ်။

(၄) ဒီနေရာမှာ Add to Favorites ကိုနှိပ်ပေးပါ မနှိပ်ချင်ရင် လဲ Skip ပေါ့

ပြီးရင်တော့ အောက်ကအဆင့်ကိုရောက်သွားပါလိမ့်မယ်...

(၅) ဒီအဆင့်မှာတော့ Facebook ကပိုက်ဆံတောင်းပါပြီး ပိုက်ဆံတောင်းလို့ထွက်ပြေးမသွားနဲ့နော် .. :D ပြန်လာခဲ့ ဆက်လုပ်ရအောင် .. :P ကိုယ်က ဘဏ်ကဒ်တွေရှိလို့
ပိုက်ဆံပေးချင်တယ်ဆိုလဲ ရပါတယ်။ ပိုက်ဆံပေးခဲ့ရင် ရမဲ့ အကျိုးကျေးဇူးက Facebook ကနေပြီး တော့ သင့်ရဲ့ Page ကိုလူသိများအောင် ဖော်ပြပြီး...Facebook User များအားလုံးရဲ့ Wall မှာ သင့်ရဲ့ Page ကိုကြော်ညာပေးနေပါလိမ့်မယ်..ခုတော့ပိုက်ဆံမပေးတော့ဘူး Skip နဲ့ကျော်သွားလိုက်ရအောင်... ပိုက်ဆံမပေးခဲ့လို့လဲ Facebook Page လေးကို Like မဲ့သူမရှိတော့ဘူးလား ဆိုပြီးအားမငယ်ပါနဲ့ ကိုယ့်ရဲ့ Page မှာ တစ်နေ့ကို အနည်းဆုံး Post သုံးခုလောက် အမြဲရေးသွားရင် Facebook User အားလုံးသင့်ရဲ့ Page ကိုသတိထားမိပြီး Like တွေအများကြီးရနိုင်ပါတယ်....:)
ကဲ Skip ကိုကျော်ပြီးသွားရင်တော့ ရရှိသွားပါပြီး ကျွန်တော်တို့ လိုချင်တဲ့ Page လေးတစ်ခု .. :)

ကဲ ရသွားပြီနော် Facebook Page လေးတစ်ခု ပြီးသွားပြီးဆို ကိုယ် Facebook Wall ကိုပြန်သွားလိုက်ပေါ့
နောက်နေ့တွေ ကိုယ်လုပ်ထားတဲ့ Page လေးထဲ ဘယ်လိုဝင်မလဲ ဆိုတော့ အောက်မှာကြည့်လိုက်ပါဦး
ကိုယ့် Log out လုပ်တဲ့ setting ပုံလေးကိုနှိပ်လိုက်ရင် ကိုယ်လုပ်ထားတဲ့ Page လေးတွေ့ရမှာပါ ပုံမှာတွေ့နေရတာ ကျွန်တော်လုပ်ပြခဲ့တဲ့ My poems Page လေးပါ
အဲ့ထဲဝင်လိုက်ရင်တော့ Page တစ်ခုလုံးကို စီရင်တဲ့ Admin နေရာကိုရောက်သွားပါလိမ့်မယ်...:)

အားလုံးအဆင်ပြေပါစေနော်...
လမ်းပြကြယ်မှ ကူးယူပြပါသည်။

No comments:
Post a Comment